Tuesday, July 29, 2014

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရမာ မြန်မာပြည်လာမည်


အိန္ဒိယ၀န်ကြီးချုပ်သစ် နာရန်ဒရာ မိုဒီအစိုးရက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုတိုးတက်ရေး  စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ရန် သြဂုတ်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရမာ မြန်မာပြည်သို့ လာရောက်မည် ဖြစ်ကြောင်း အိန္ဒိယတိုင်းမ် သတင်းစာတွင် ရေးသားထားသည်။

အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီး ဆူရမာသည် မြန်မာနိုင်ငံ၌ သြဂုတ်တွင်ကျင်းပမည့် အာဆီယံနှင့် ဒေသတွင်း နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

ထို့အတူ အိန္ဒိယ၀န်ကြီးချုပ် သစ် နာရန်ဒရာမိုဒီက နေပြည် တော်၌ နိုဝင်ဘာတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီးညီလာခံသို့ လာရောက်မည်ဟု ယူဆရသည်။

နေပြည်တော်တွင် ကျင်းပမည့် အာဆီယံနှင့် ဒေသတွင်း နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးသည် အရှေ့တောင်အာရှ နိုင်ငံများ၏ တောင်ပင်လယ်ရေပိုင်နက်ပြဿနာ၊ မြောက်ကိုရီး ယားနျူကလီးယားပြဿနာတို့ ကို ဆွေးနွေးနိုင်ဖွယ်ရှိသော်လည်း အာရှဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် အိန္ဒိယက တက်ရောက်မည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ကျင်းပမည့် မဲခေါင်-ဂင်္ဂါကော်မရှင်အစည်းအဝေးတွင်လည်း  အိန္ဒိယ ပါဝင်မည်ဖြစ်သည်။

မြန်မာသည် အိန္ဒိယနိုင်ငံမှ အာဆီယံဒေသသို့ တံခါးပေါက် လမ်းဖြစ်ပြီး အရှေ့မြောက်ပိုင်း လုံခြုံရေးပြဿနာ များအတွက် အရေးပါသော အိမ်နီးနားချင်း နိုင်ငံဖြစ်သည်။

7Day News Journal 

No comments:

Post a Comment