Wednesday, July 16, 2014

အာဇာနည်နေ့၊ ဝန်ကြီးများရုံးဟောင်းရှေ့မှာ ကဗျာရွတ်ပြီးအလေးပြုမည်



အာဇာနည်တို့သွေးမြေကျရာ အမေ့ခံထားရတဲ့ဝန်ကြီးများရုံးဟောင်းရှေ့မှာ ကဗျာချစ်သူများအသင်း(PLA) က ကဗျာများရွတ်ပြီး ဦးညွှတ်အလေးပြုမည်။ 

အာဇာနည်နေ့လို့ပြောလိုက်ရင် လူတွေက အာဇာနည် ကုန်းရယ်၊  ဗိုလ်ချုပ်ပန်းခြံရယ်လောက်ပဲ ပြေးပြေး ပြီးမြင်လေ့ရှိပါတယ်။ 

တကယ်တော့ အာဇာနည်တို့ရဲ့ စိတ်ဝိညာဉ်ခိုအောင်းတဲ့နေရာက သူတို့ရဲ့သွေးမြေ ကျရာ၊ နောက်ဆုံး ထွက်သက် နှုတ်ဆက်တဲ့နေရာဖြစ်တဲ့ ဝန်ကြီးများရုံးဟောင်း ပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့ ကဗျာချစ်သူတွေအနေနဲ့ အာဇာနည်နေ့ ရောက်ရင်အဲ့ဒီနေရာမှာ ကဗျာတွေသွားရွတ်ကြမယ်၊ ကဗျာပန်းဖလက်တွေဝေကြမယ်၊ လွမ်းသူ့ ပန်းခွေချမယ်၊ လာအားပေးတဲ့ ပရိတ်သတ်တွေကိုလည်း  နှင်းဆီ ပွင့်တွေပေးပြီး သူတို့ကိုယ်တိုင်ဝင်ရောက်ဂုဏ်ပြုခိုင်းမယ်၊ ၁ဝ နာရီ ၃၇ မိနစ်မှာ ဥညတွေဆွဲပြီး အာဇာနည်တွေရဲ့ စိတ်ဝိညာဉ်တွေကို ဦးညွှတ်အလေးပြုကြမယ်၊ အာဇာနည် စိတ်ဓာတ်တွေ ကိုပြန်လည်  
ဖော်ထုတ်ပြီး လူထုရင်ထဲကိန်းဝပ်လာအောင် ပြုလုပ်သွားပါမယ်။ 

ရိုသေစွာဖြင့်
 မောင်ဆောင်းခ- 09421169461 ကဗျာချစ်သူများအသင်း(PLA) 

ဧရာဝတီblog

No comments:

Post a Comment