Wednesday, July 16, 2014

ဇွန်လကုန်ကစပြီး နိုင်ငံရေးအကျဉ်းသား ၆၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံရ



၂၀၁၄ ခုနှစ်၊ ဇွန်လအကုန်က အစပြုပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၆၅ ဦး ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။ ဒါ့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၂ ဦးဟာ နိုင်ငံရေးလှုပ် ရှားမှုတွေကြာင့် တရားရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အစိုးရက  နိုင်ငံရေးအကျဉ်းသား မရှိစေရန်  လုပ်ဆောင်မယ်လို့  ကတိက၀တ် ပေးထားပေမယ့်  ၂၀၁၄ နှစ်စမှ ပျမ်းမျှ လစဉ် နိုင်ငံရေးအကျဉ်းသားအသစ် ၆ ဦး ထောင်ချခံရ မှုတို့နှင့်အတူ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချမှုတွေ လည်း ပုံမှန်အတိုင်း တိုးနေမြဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ် ဇွန်လ အတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၂ ဦး ဖမ်းဆီးခံခဲ့ ရပြီး  ၁၃ ဦး ထောင်ဒဏ်တွေ ချမှတ်ခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  နိုင်ငံရေးအကျဉ်းသား ၂ ဦး ထောင်မှ လွတ်မြောက်ခဲ့ကြောင်း လည်း ထုတ်ပြန်ထားပါတယ်။

အစိုးရအနေနဲ့  နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို  ဖမ်းဆီးထောင်သွင်း အကျဉ်းချမှုတွေဟာ အသုံးပြုနေ ကျ နည်းလမ်းဟောင်းအတိုင်း ဆက်လက်ဖြစ်နေကြောင်းလည်း ထောက်ပြ ဝေဖန်ထားပါတယ်။

DVB

No comments:

Post a Comment