Thursday, July 03, 2014

အမတ်တစ်ဦးလျှင် အဆိုတစ်ခုတင်သွင်းခွင့်ရမည်ဟုဆို


လာမည့်လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်အမတ်တစ်ဦးလျှင် အဆိုတစ်ခု တင်သွင်းခွင့် ရအောင် စီစဉ် ဆောင်ရွက်ပေးမည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအခွင့်အရေးကော်မတီ အစီ ရင်ခံစာ တွင်ဖော်ပြပါရှိကြောင်းသတင်းရ ရှိသည်။
ပြည်သူ့လွှတ်တော်အတွင်း အချို့အမတ်များမေးခွန်းများ၊ အဆိုများတင်သွင်းခွင့်မရဘဲ အချို့ သော လွှတ်တော်အမတ်များမှာ မေးခွန်းများ၊ အဆိုများ မကြာခဏ မေးခွင့်ရနေသဖြင့် ညီမျှမှုမရှိဟု တိုင်ကြား မှုများရှိသဖြင့် လာမည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ်အားလုံး မေး ခွန်းနှင့်အဆိုများ မေးခွင့်ရအောင် စီစဉ်ပေးရခြင်းဖြစ်ကြောင်း သ တင်းရရှိသည်။

 ‘‘လေး၊ ငါးကြိမ်မေးဖူးထား တဲ့ လူတွေကို ဦးစားမပေးတော့ဘဲ မမေးရသေးတဲ့ လူတွေကို ဦးစားပေးမေး ခိုင်းမယ်ဆိုတဲ့သဘော’’ ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမင်း သူကပြော သည်။

 ပြည်သူ့လွှတ်တော်တွင် စုစုပေါင်း ရွေးကောက်ခံပြည်သူ့ လွတ်တော်အမတ် ၃၃၁ ဦးရှိပြီး ၂၈၆ဦးမှာ အဆိုတင်သွင်းဖူးခြင်း  မရှိသူများဖြစ်ကြောင်း လွှတ်တော်စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော ပွင့်လင်းမြန်မာရှေ့ဆောင် အဖွဲ့၏ ဇွန်လအတွင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွှတ်တော်နှစ်ရပ်၏ သက်တမ်း ၂နှစ်ကျော်ကာလအတွင်း အဆိုတင်သွင်းခြင်း မရှိသည့် ရွေးကောက်ခံ လွှတ်တော်အမတ် လေးရာနီးပါးရှိကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

7Day News Journal

No comments:

Post a Comment