Tuesday, July 08, 2014

ဗီယက်နမ် စစ်ရဟတ်ယာဉ်ပျက်ကျ၊ ၁၉ ဦး သေဆုံး


ဗီယက်နမ် မြို့တော် ဟနွိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၁၉ ဦး သေဆုံးပြီး တခြားလူ ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။


ဆိုဗီယက်ခေတ်က အမ်အိုင် – ၁၇၁  ရဟတ်ယာဉ်ဟာ လေထီးသင်တန်းအတွင်း မနက်အစောပိုင်းက ပျက်ကျတာ ဖြစ်ကြောင်း ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဗိုဗန်တွမ်က ပြောပါတယ်။

ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဗိုဗန်တွမ်က “နည်းပညာပြဿ နာကြောင့် ပျက်ကျတာ ဖြစ်တယ်။ သေဆုံးသူတွေဟာ ရဟတ်ယာဉ်ပေါ်မှာ ပါဝင်တဲ့သူတွေ ဖြစ်ပြီး အရပ်သား ထိခိုက်မှု မရှိဘူး” လို့  ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒီပျက်ကျမှုဟာ ဗီယက်နမ်စစ်တပ်အတွက် ပြင်းထန်တဲ့ဆုံးရှုံးမှုလို့ ဆိုပါတယ်။

ဇူလိုင် ၇ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ဗီယက်နမ်သမ္မတ ထရွန်တန်ရှန်းဟာ ရှင်သန်ကျန်ရစ်သူတွေ တက်ရောက်နေ တဲ့ဆေးရုံကို သွားရောက်လည် ပတ်ပါတယ်။

ပျက်ကျတဲ့နေရာဟာ စစ်တပ်လေဆိပ်နဲ့ နီးပြီး မြို့လယ်ရဲ့ အနောက်ဘက် ၁၉ မိုင်အကွာမှာ ရှိတာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ဟာ ပျက်ကျခဲ့အပြီး မီးလောင်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် မနက် ၈ နာရီ ၂၀ မိနစ်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောပါတယ်။

ဈေးသည်အများအပြားကတော့ ရဟတ်ယာဉ်ပေါ် ပါသွားသူတွေဟာ လေထီး စစ်သည်တွေ ဖြစ်ပြီး အစောပိုင်းကမှ သူတို့ဆီက မုန့်တွေ ၀ယ်သွားခဲ့သေးတယ်လို့ ပြောကြပါတယ်။

DVB

No comments:

Post a Comment