Tuesday, June 10, 2014

မူးယစ်ဆေးတိုက်ဖျက်ရေးအကြောင်း NLD ပြောပြီ



စနေ တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ NLD ရဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ရှေ့လုပ်ငန်း စဉ်များထဲမှာ မူးယစ်ဆေး တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အချက်တခု ပါဝင်နေပါတယ်။

တနင်္ဂနွေနေ့မှာ အဲဒီလုပ်ငန်းစဉ်တွေကို ထုတ်ပြန်ရာမှာ 

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းများ လျှင်မြန်စွာ တိုးပွားလာခြင်းသည် နိုင်ငံတော်၏ လက်ရှိနှင့် အနာဂတ်အရေးကို လွန်စွာ ထိခိုက်စေနိုင်သည့်အတွက် တိုက်ဖျက်သွားမည်လို့ ဖော်ပြထားပါတယ်။
မူးယစ်တိုက်ဖျက်ရေးကို မည်သို့မည်ပုံ ဆောင်ရွက်မယ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါ။

မြန်မာပြည်တလွှား မူးယစ်ဆေးသုံးစွဲသူ အများအပြားရှိတဲ့အတွက် NLD ရဲ့ အစီအစဉ်က ကြိုဆိုချင် စရာကောင်းလှပါတယ်။

အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ဆိုတာကတော့ သူတို့ရဲ့ ကြိုးပမ်းမှု၊ ပြည်သူတွေရဲ့ ပူးပေါင်းဆောင် ရွက်မှု၊ အာဏာပိုင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါမယ်။

ပထမဆုံး လုပ်ရမယ့်ထဲမှာတော့ ... မြန်မာပြည်အနှံ့အပြားမှာ  မူးယစ်ဆေးမျိုးစုံ သုံးစွဲသူ အရေအတွက်က ကြောက်ခမန်းလိလိဖြစ်နေတယ်၊ မိသားစုတွေ ဘ၀ပျက်နေတယ်ဆိုတာ အများပြည်သူနဲ့ အစိုးရ သိရှိ အောင် ဆောင်ရွက်ရေး ဖြစ်ပါလိမ့်မယ်။

ဧရာဝတီblog 

No comments:

Post a Comment