Monday, May 05, 2014

အခြေခံဥပဒေပြင်ရေးလှုံ့ဆော်ဖို့ NLD နဲ့ ၈၈ ကော်မတီဖွဲ့


NLD နဲ့  ၈၈ အဖွဲ့က ၁၁ ဦး ပါဝင်တဲ့ ပူးပေါင်းကော်မတီကို ဖွဲ့စည်းကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပါတယ်။ အခြေခံဥပဒေပုဒ်မ(၄၃၆)ပြင်ဆင်ဖို့  ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ရေး ဟောပြောပွဲကျင်းပရေး ဗဟိုပူးပေါင်းကော်မတီ ဖြစ်ပါတယ်။

NLD ဘက်က ဦးဝင်းထိန်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန် တို့ပါ။

၈၈ ဘက်ကတော့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဦးပြုံးချိုတို့ ဖြစ်ပါတယ်။

ဒီကော်မတီရဲ့ အစီအစဉ်နဲ့ နိုင်ငံအနှံ့ ဟောပြောပွဲကြီးတွေ ပြုလုပ်တော့မယ်လို့ ယူဆရပါတယ်။

 ကော်မတီထဲမှာ NLD ဘက်က လူငယ်ပိုင်း လူလတ်ပိုင်းတွေ ပါဝင်ခြင်း မရှိပါ။ လူငယ်တွေကို ဒီလိုနေရာ မှာ ပွဲမထုတ်ရင် ဘယ်နေရာမှာ တာဝန်ပေးမလဲလို့ ဝေဖန်ခံရနိုင်ဖွယ် ရှိပါတယ်။

ဝေဖန်ကြရင်တော့ NLD ရဲ့ လာမယ့်ခြေလှမ်းတွေမှာ လူငယ်တွေ မျိုးဆက်သစ်တွေကိုလည်း တွေ့လာ ရမှာဖြစ်ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment