Friday, May 09, 2014

ဘန်ကောက်မှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့ နံနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီ M 79 လောင်ချာနဲ့ တိုက်ခိုက်ခံရမှုကြောင့် ပထမဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကတော့ ထိုင်း နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့ တရားသူကြီးတွေထဲက တဦးရဲ့ အိမ်ဖြစ်ပါတယ်။ 
အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဟာ မနေ့က နုတ်ထွက်သွားရပြီဖြစ်တဲ့ မစ္စယင်လတ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက် ဖျက်တဲ့အတွက် ၀န်ကြီးချုပ်ရာထူး ဆက်လက် တာဝန်ထမ်းဆောင်ရန် မရှိလို့ ဆုံဖြတ်ခဲ့တာပါ။ 

ဒုတိယ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာက လက်ပစ်ဗုံး ၂ လုံးနဲ့ ဘန်ကောက်၊ လာစီခရိုင် ချူလာဘွန် ဆေးရုံကို ပစ်သွင်းတိုက် ခိုက်ဖောက်ခွဲတာပါ။ 

နောက်ထပ် ပေါက်ကွဲမှုကတော့ လာပရိုခရိုင်မှာ ရှိတဲ့ SCB ဘဏ်ရုံးချုပ်တို့မှာဖြစ်ပါတယ်။ 

ပေါက်ကွဲမှု ၃ ခုလုံးမှာ လူ ထိခိုက်ဒဏ်ရာရတာမျိုးလည်း မရှိဘူးလို့ The Nation သတင်း တပုဒ်မှာ ဖော်ပြပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment