Monday, May 05, 2014

အကြမ်းဖက်သမား စောင့်ကြည့်ရန် အင်တာပိုရဲအရာရှိများ ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်



အကြမ်းဖက်သမားများအား စောင့်ကြည့်ရန် အပြည်ပည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာ ပို)မှ ရဲအရာရှိသုံးဦး ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် တွင် မေ လ ၃ ရက်မှစ၍ တာဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘အာဆီယံ အစည်းအဝေး ကာလမှာ အကြမ်းဖက်သမား တွေ ၀င်လာမှာကို စစ်ဆေးဖို့အ တွက် လာပြီး တာဝန်ထမ်းဆောင် တာပါ။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးပါ’’ ဟု လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြား သည်။
အင်တာပို ရဲအရာရှိများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီး ဌာနတို့ ပူးပေါင်း ၍ နိုင်ငံတကာမှ ၀င်ရောက်လာ မည့် အကြမ်းဖက် သမားများအား စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ် ကြောင်း မင်္ဂလာဒုံလေ ဆိပ်ရှိ သ တင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်လယ်မှ စ ၍ အင်တာပိုမှ အသုံးပြုသော နိုင်ငံကူးလက်မှတ်များ စစ်ဆေး သည့်စက်များကို ရန်ကုန်လေဆိပ် တွင် လာရောက်တပ်ဆင်ပေးခဲ့ သည်။

အာဆီယံ ထိပ်သီးအစည်း အဝေးကို မေလ ၁၀ ရက်မှ ၁၂ ရက် အထိ နေပြည်တော် တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံ မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ သြဂုတ်လမှစ၍ ပြည်တွင်းပဋိပက္ခ ဂယက်ကြောင့် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ၀င်ရောက် မလာနိုင်စေ ရန် လေဆိပ်များနှင့် နယ်စပ်ဂိတ်ပေါက်များတွင် လုံခြုံရေးများ တိုးမြှင့်ချထားခဲ့သည်။

7Day Daily

No comments:

Post a Comment