Tuesday, May 06, 2014

ပြည်သူ့ကိုယ်စားပြောရဲတဲ့သူကို ပြည်သူကထောက်ခံအားပေးမှာ သဘာဝပဲ


ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့(MDCF)အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို မေ ၅ ရက်နေ့က  တောင်ဥက္က လာပ မြို့နယ်တွင် ဆန္ဒထုတ်ဖော်နေစဉ်တောင်ဥက္က လာပမြို့နယ် ရဲစခန်းမှဖမ်းဆီး၍ ပုဒ်မ ၅၀၅ (ခ)ဖြင့် အရေးယူလိုက် ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရကိုအယုံ အကြည်မရှိကြောင်း လှည့်လည် ဟောပြောခြင်းကြောင့် အရေးယူ လိုက်ခြင်းဖြစ်ပြီး ၎င်းင်းလှည့်လည် ဟောပြောခဲ့သည့် မြို့နယ် ၁၁ မြို့နယ်မှ တစ်ပြိုင်တည်းတရားစွဲ လိုက်ခြင်းဖြစ်ကြောင်း၊ ကိုထင် ကျော်လှည့်လည်ဟောပြောခဲ့သည့် မြို့နယ်များမှာ ကျောက်တံတား၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်ပိုင်း၊ ဒဂုံ မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ ဒဂုံအရှေ့ပိုင်းမြို့နယ် များဖြစ်ကြောင်းMDCF  ဗဟို ကော်မတီဝင် ကိုဇေယျာလင်း က ပြောသည်။

“ဒီနေ့အခြေခံလူထုက ကုန် ဈေးနှုန်းကြီးမြင့်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုဒဏ်ကိုခံနေရတယ်။ ဒီ ကြားထဲက အစိုးရရဲ့ တစ်ဖက် စောင်းနင်း စီမံခန့်ခွဲမှု၊ ဆိတ်ခေါင်း ချိတ်ပြီးခွေးသားရောင်းနေတဲ့ အယောင်ပြဒီမို ကရေစီစနစ်တွေ ကြောင့် မွန်းကျပ်နေတဲ့အချိန်မှာ ကိုထင်ကျော် ကို အမှန်တရား မျက်နှာတစ်ခုပဲကြည့်ပြီး ပြည်သူ့ ကိုယ်စားပြောရဲတဲ့သူကို ပြည်သူ က ထောက်ခံအားပေးမှာသဘာဝပဲ။ အခု ကိုထင်ကျော် ထောင်ထဲ ရောက်သွားပေမယ်MDCF အဖွဲ့ရဲ့ ရန်ကုန်တိုင်းတာဝန်ခံ အထက်ဗမာပြည်တာဝန်ခံတွေက ပြည်သူ့ရှေ့ကမားမားရပ်ပြီးဆက် လုပ်သွားမှာဖြစ်ပါတယ်”ဟု ကိုဇေ ယျာလင်းက ဆိုသည်။

အဆိုပါလှုပ်ရားမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် စုံအောင်ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး တာဝန်ခံများ ဆက်လက်ဖမ်းဆီးခံရလျှင် တစ်ဗိုလ် ကျ၊ တစ်ဗိုလ်တက်စနစ်ဖြင့် ပြည်သူ လူထုလိုလားသော ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များဦးဆောင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာသည် အထိ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဆိုသည်။   

Hot News Journal 

No comments:

Post a Comment