Wednesday, April 02, 2014

ရွှေစက်တော်တွင် အန္တရာယ်ရှိ စောင်းတန်းကိုပြုပြင်၍ စက်လှေကား တပ်ဆင်မည်

Wednesday, April 2, 2014
နွေရာသီဘုရားဖူး အများအပြား သွားရောက်ရာ မန်းရွှေစက်တော်ရှိ အထက်စက်တော်ရာသို့ တက်ရောက်သည့် စောင်းတန်းလှေကားများသည် ကလေးများ မကြာခဏ ပြုတ်ကျသေဆုံးသဖြင့် လာမည့်နှစ်တွင် ပြန်လည်ပြုပြင်မည့်အပြင် စက်လှေကားကိုလည်းတပ်ဆင်သွားမည်ဖြစ်ကြောင်း အထက်စက်တော်ရာ ဂေါပကအဖွဲ့မှတာဝန်ရှိသူ ဦးကျော်ဝင်းစိန်က ပြောသည်။

Photo: ရွှေစက်တော်တွင် အန္တရာယ်ရှိ စောင်းတန်းကိုပြုပြင်၍ စက်လှေကား တပ်ဆင်မည်
Wednesday, April 2, 2014

နွေရာသီဘုရားဖူး အများအပြား သွားရောက်ရာ မန်းရွှေစက်တော်ရှိ အထက်စက်တော်ရာသို့ တက်ရောက်သည့် စောင်းတန်းလှေကားများသည် ကလေးများ မကြာခဏ ပြုတ်ကျသေဆုံးသဖြင့် လာမည့်နှစ်တွင် ပြန်လည်ပြုပြင်မည့်အပြင် စက်လှေကားကိုလည်းတပ်ဆင်သွားမည်ဖြစ်ကြောင်း အထက်စက်တော်ရာ ဂေါပကအဖွဲ့မှတာဝန်ရှိသူ ဦးကျော်ဝင်းစိန်က ပြောသည်။

အဆိုပါ အထက်စက်တော်ရာအတက်လမ်းတွင် လှေကားထစ် ကျဉ်းမြောင်းမှုကြောင့် အန္တရာယ်ရှိနေပြီး ကလေးများ၊သက်ကြီးရွယ်အိုများနှင့် ဘုရားဖူးအပန်းဖြေသူများအဆင်ပြေစေရန် အထက်စက်တော်ရာ အတက်လမ်းရှိ လှေကားထစ်များကိုလည်း ပြန်လည်ပြုပြင်မည့်အပြင် စက်လှေကားတပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့အတွေ့အကြုံအရ အထက်စက်တော်ရာ အတက်လမ်းမှာကလေးတွေ မကြာခဏပြုတ်ကျ ဒဏ်ရာရတဲ့အပြင် သေဆုံးမှုတွေလည်းရှိပါတယ်” ဟု အထက်စက်တော်ရာ ဆောင်းတန်းရှိ ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

မန်းချောင်းခြေရင်းတွင်ရှိသော ရွှေစက်တော်ဘုရားပွဲချိန်တွင် မြန်မာနိုင်ငံအရပ်ရပ်မှ နွေရာသီဘုရားဖူးနှင့် အပန်းဖြေရန်အများဆုံး လာရောက်ကြသည့်အပြင် နိုင်ငံတကာခရီးသွားများလည်း လာရောက် လည်ပတ်လေ့ရှိသည်။

အဆိုပါ ပြုပြင်ရေးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်လည်ပြုပြင်မည်ဖြစ်ပြီးယခုနှစ်တွင်ဘုရားပွဲပြီး ဆုံးတော့မည်ဖြစ် သာကြောင့်လာမည့်နှစ်တွင်သာပြုပြင်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဂေါပကအဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

ဘကြီးအောင်(မကွေး)
မြန်မာ့ခေတ် 

 အဆိုပါ အထက်စက်တော်ရာအတက်လမ်းတွင် လှေကားထစ် ကျဉ်းမြောင်းမှုကြောင့် အန္တရာယ်ရှိနေပြီး ကလေးများ၊သက်ကြီးရွယ်အိုများနှင့် ဘုရားဖူးအပန်းဖြေသူများအဆင်ပြေစေရန် အထက်စက်တော်ရာ အတက်လမ်းရှိ လှေကားထစ်များကိုလည်း ပြန်လည်ပြုပြင်မည့်အပြင် စက်လှေကားတပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့အတွေ့အကြုံအရ အထက်စက်တော်ရာ အတက်လမ်းမှာကလေးတွေ မကြာခဏပြုတ်ကျ ဒဏ်ရာရတဲ့အပြင် သေဆုံးမှုတွေလည်းရှိပါတယ်” ဟု အထက်စက်တော်ရာ ဆောင်းတန်းရှိ ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။
မန်းချောင်းခြေရင်းတွင်ရှိသော ရွှေစက်တော်ဘုရားပွဲချိန်တွင် မြန်မာနိုင်ငံအရပ်ရပ်မှ နွေရာသီဘုရားဖူးနှင့် အပန်းဖြေရန်အများဆုံး လာရောက်ကြသည့်အပြင် နိုင်ငံတကာခရီးသွားများလည်း လာရောက် လည်ပတ်လေ့ရှိသည်။ အဆိုပါ ပြုပြင်ရေးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်လည်ပြုပြင်မည်ဖြစ်ပြီးယခုနှစ်တွင်ဘုရားပွဲပြီး ဆုံးတော့မည်ဖြစ် သာကြောင့်လာမည့်နှစ်တွင်သာပြုပြင်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဂေါပကအဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။
ဘကြီးအောင်(မကွေး)
မြန်မာ့ခေတ်

No comments:

Post a Comment