Sunday, April 27, 2014

ကွန်ဂိုနိုင်ငံတွင် ကုန်ရထားလမ်းချော်မှုကြောင့် လူအနည်းဆုံး ၆၃ ဦး သေဆုံး




အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံမှာ ဧပြီလ ၂၄ ရက်နေ့က ကုန်ရထားလမ်းချော်မှုဖြစ်ပွားပြီး လူအနည်း ဆုံး ၆၃ ဦးသေဆုံးခဲ့ပါတယ်။ လူ အယောက် ၈၀ လည်း အပြင်းအထန်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

Congoနိုင်ငံတောင်ပိုင်း ကြေးနီသတ္တုတွေ ကြွယ်ဝတဲ့ ကတ်တန်ဂါပြည်နယ်မှာ အခုလို ရထားလမ်းချော်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၅၀ ဟာလည်း ကုန်တွဲတွေကြား ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။ 

ကွန်ဂိုကျန်းမာရေးဝန်ကြီးကတော့ ရထားလမ်းချော်မှုဖြစ်ရတဲ့အကြောင်းရင်းကို မသိသေးပဲ ပိတ်မိနေသူတွေ ကယ်ဆယ်ရေးကိုပဲ လောလောဆယ် ဦးစားပေးဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။

ကွန်ဂိုနိုင်ငံရဲ့လမ်းပန်းဆက်သွယ်ရေးဟာ ဆယ်စုနှစ်တွေကြာအောင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း ပဋိပက္ခတွေ၊ လစ်လျူရှုမှုတွေကြောင့် တော်တော်ကို ဆိုးဆိုးရွားရွား အခြေအနေ ဖြစ်နေတာလည်းဖြစ်ပါတယ်။

ဥရောပအနောက်ပိုင်းလောက် အကျယ်အ၀န်းရှိတဲ့ ကွန်ဂိုနိုင်ငံအတွင်း ကွန်ဂိုပြည်သူတွေ ခက်ခက်ခဲခဲ ခရီးသွားလာကြရတယ်လို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်ကလည်း ကွန်ဂိုနိုင်ငံမှာ အခုလိုပဲ ကုန်ရထား မတော် တဆမှုတခုဖြစ်ပြီး လူရာကျော် သေဆုံးခဲ့ပါတယ်။

DVB

No comments:

Post a Comment