Tuesday, April 22, 2014

နိုင်ငံတကာ သဘောတူညီမှုကို ယူကရိန်း ချိုးဖောက်ဟု ရုရှားစွပ်စွဲ




ယူကရိန်းဒေသတွင်းကဖြစ်နေတဲ့ တင်းမာမှုတွေလျော့ကျဖို့ နိုင်ငံတကာ သဘောတူညီချက်ကို ယူကရိန်း ဘက်က လိုက်နာဖို့ ပျက်ကွက် ခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လာရို့ (Sergei Lavrov) က ယူကရိန်းကို စွပ်စွဲလိုက်ပါတယ်။
ဒေသတွင်းက တင်းမာမှုတွေကို လျော့ချစေဖို့ ရည်ရွယ်တဲ့အနေနဲ့ ပြီးခဲ့တဲ့ တပတ် Geneva တွေ့ဆုံပွဲမှာ နိုင်ငံတကာ သဘောတူမှုတရပ် ရခဲ့တာဖြစ်ပါတယ်။

ခိယက်ဗ် မြို့က ရုရှားကိုဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေကို ယူကရိန်းဘက်က မဖယ်ရှားတာဟာ Geneva မြို့ နိုင်ငံတကာ သဘောတူညီမှုကို ချိုးဖောက်ရာရောက်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ကပြောပါ တယ်။

အခုဆိုရင် ရုရှားထောက်ခံသူတွေက သူတို့ကို အကူအညီပေးဖို့အတွက် ရုရှားကို အကူအညီတွေ တိုးမြှင့်တောင်းဆိုနေတယ်လို့လည်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးက ဆိုပါတယ်။

မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းဘက်ကတော့ သူတို့ရဲ့ လက်ချက် မဟုတ်ကြောင်း ပြန်လည် ငြင်းဆိုထားသလို အဆိုပါလုပ်ရပ်ဟာ ရုရှားထောက်ခံသူတွေရဲ့ လက်ချက် ဖြစ်ကြောင်း တုန့်ပြန်ထားပါတယ်။

ABC

No comments:

Post a Comment