Monday, March 03, 2014

တရုတ်နိုင်ငံက ဓားထိုးမှုကြောင့် လူပေါင်း ၃၀ကျော် သေဆုံး


တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ အကြမ်းဖက် အုပ်စုတခုရဲ့ ဓားထိုး တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၃ ဦး သေဆုံးသွားပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။တရုတ်နိုင်ငံ ကူမင်မြို့က အကြမ်းဖက် အုပ်စုတစ်စုက ဓားထိုးတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၃ဦးသေဆုံးခဲ့သလို ၁၃၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
လူ ၁၀ ဦးထက်မက ပါဝင်တဲ့ အုပ်စုတခုက ဓားရှည်တွေကို ကိုင်ဆောင်ပြီး ကူမင်းဘူတာရုံအတွင်းက တွေ့ကရာ လူတွေကို ဓားထိုးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံအနောက်ပိုင်းမှာ ပြည်မကနေ ခွဲထွက်ရေး တောင်းဆိုနေတဲ့ ရှင်ကျန်းပြည်နယ် (XinJiang) ၀ီဂါ မူဆလင် တွေရဲ့ လက်ချက်ဖြစ်ကြောင်း တရုတ် အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်သလို ဒါဟာ အကြမ်းဖက် သမားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်လို့ တရုတ်သမ္မတ ရှီကျင်ပင်းက ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်သူ တွေထဲက ၄ ဦးကို ရဲက ပစ်သတ်လိုက်နိုင်ပေမယ့် ကျန်သူတွေက ထွက်ပြေး လွတ်မြောက်နေ ဆဲ ဖြစ်ပါတယ်။

တရုတ် နှစ်ပတ်လည် ပါလီမန် စတင်ဖို့ ရက်ပိုင်းမျှသာလိုတော့တဲ့ အချိန်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ဒါဟာ တိုက်ဆိုင်မှုမဟုတ်ပဲ အချိန်ကိုက် အကွက်ချ စီစဉ်တိုက်ခိုက်မှု ဖြစ်တယ်လို့ တရုတ်နိုင်ငံရောက်အေဘီစီသတင်းထောက် Stephen McDonell က သုံးသပ်ထားပါတယ်။

ABC

No comments:

Post a Comment