Tuesday, March 11, 2014

• မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ညီမပုံ ပထမဆုံး ထုတ်ပြန်•


မြောက်ကိုရီးယားမှာ တနင်္ဂနွေနေ့က ပါလီမန်ရွေးကောက်ပွဲ မဲပေးပွဲ ကျင်းပပါတယ်။

မဲရုံတစ်ရုံမှာ မဲလာထည့်နေတဲ့ ကင်ဂျုံအွန်ရဲ့ညီမငယ် ယိုဂျောင်းရဲ့ပုံကို မြောက်ကိုရီးယား အစိုးရရုပ်သံက ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ညီမလုပ်တဲ့သူကို တရားဝင် ရာထူးတာဝန်တွေ ပေးအပ်ဖို့ အခုကတည်းက ပွဲထုတ်ပြီး လူသိများအောင်လုပ်နေတာလို့လည်း နိုင်ငံရေး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

ပုံမှာ မြင်ရတာတော့ ကိုယ်တိုင်လာရောက်မဲပေးနေတဲ့ ယိုဂျောင်းဖြစ်ပါတယ်။

ဘာသာပြန်သတင်းများ - စည်သူ

No comments:

Post a Comment