Monday, March 03, 2014

ထိုင်းရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့



ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲထည့်ခွင့်မရတဲ့ ပြည်နယ်တချို့ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပဲ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးခဲ့ပြီး ငြိမ်းချမ်းစွာ ကျင်းပပြီးစီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့ ရွေးကောက်ပွဲအတွင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေရဲ့တားဆီး မှုကြောင့် မဲထည့်ခွင့်မရခဲ့တဲ့နယ်တွေရှိပြီး အခုအခါမှာ အဲဒီပြည်နယ်တွေထဲက ပြည်နယ် ၅ခုကို ရွေးကောက်ပွဲပြန်လည်ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။

အစိုးရကို ဆန့်ကျင်တဲ့သူတွေဟာ ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်နေကြပေမယ့် အခုကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲနေရာတွေမှာ အကြမ်းဖက်မှုတစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲကျင်းပမပေးနိုင်သေးတဲ့နေရာတချို့ကိုတော့ ဧပြီလအတွင်းမှာ ကျင်းပပေးဖို့ရှိတယ်လို့ သိရပါ တယ်။

အရင်တစ်ခေါက်ရွေးကောက်ပွဲအတွင်းမှာဖြစ်ခဲ့တဲ့ နှောင့်ယှက်တားဆီးမှုတွေကြောင့် ပြည်နယ်ပေါင်း ၇၇ ပြည်ထဲက ၁၈ ပြည်နယ်ဟာ မဲထည့်ခွင့်မရခဲ့တဲ့အတွက် မဲအရေအတွက် ၁၈ ရာခိုင်နှုန်းအထိ ထိခိုက်မှုရှိခဲ့
တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဆန္ဒပြသူတွေကတော့ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ် ရာထူးကနေဆင်းပေးဖို့အတွက် ဆက်လက်တောင်း ဆိုနေကြပါတယ်။

ဒါပေမယ့် ရင်လတ်ရှင်နာဝပ်ကတော့ ရာထူးကနေ ဆင်းမပေးသေးတဲ့အပြင် သူမကို လာဒ်စားမှုနဲ့ တရား စွဲဆိုထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး လာဒ်စားမှုတိုက်ဖျက်ရေးကော်မရင်ရဲ့ စစ်ဆေးမှုကို ဖြေဆိုဖို့အတွက် သူရဲ့ 
ရှေ့နေကိုပဲ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ABC

No comments:

Post a Comment