Friday, February 07, 2014

အာဏာရပါတီ ဖျက်သိမ်းပေးရန် တောင်းဆိုချက် ထိုင်းခုံရုံးက ပယ်ချ


ထိုင်းနိုင်ငံ၏ အာဏာရပါတီကို ဖျက် သိမ်းပေးရန် အတိုက်အခံ ဒီမိုကရက်ပါတီ၏ တိုင်တန်းတောင်းဆို ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ပယ်ချလိုက်ကြောင်း ဖေဖော်ဝါရီ ၆ ရက်က နေးရှင်း သတင်းစာ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြားက ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲများကို ဇွတ် အတင်း ကျင်းပခြင်းအားဖြင့် ပွေထိုင်းပါတီသည် ရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတမှု ကင်းမဲ့ အောင် ပြုလုပ်ခဲ့သည်ဟု ဒီမိုကရက်ပါတီက စွပ်စွဲခဲ့သည်။

 ရွေးကောက်ပွဲများ ကျင်းပရန် သတ်မှတ်ထား သည့်အချိန်တွင် နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာခြင်းသည် ဒီမိုကရက်ပါတီ၏ ဆောင်ခလာခရိုင် လွှတ် တော်အမတ် ၀ိရတ်ကလျာသီရိနှင့် ဒီမိုက ရက်ပါတီအမတ်ဟောင်း ပိုင်ဘွန်းနိတိတာ ၀မ်တို့ တိုင် ကြားသကဲ့သို့ အခြေခံဥပဒေ အပိုဒ် ၆၈ ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲသကဲ့သို့ မဟုတ်ကြောင်း၊ ယင်းသို့စွပ်စွဲခြင်းသည် အခြေအမြစ် မရှိ လှကြောင်း ရုံးတော်က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment