ထူးခြားမှုမရှိသော ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲအချို့ကို
အစိုးရ၀န်ကြီးဌာနအချို့တွင် ပြုလုပ် ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက
ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
Friday, July 26, 2013
လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် နိုင်ငံတကာ အဆင့်မီရန် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား
Friday, July 26, 2013
ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်မှာ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းရာတွင် အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၂၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီအား ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြု
Friday, July 26, 2013
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်သင့်သည့် အချက်များကို လေ့လာနိုင်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

Thursday, July 25, 2013
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံကလည်း ဖြေရှင်းပေးစေလိုဟု တရုတ်တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Thursday, July 25, 2013
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံ အနေဖြင့်လည်း ဖြေရှင်းပေးစေလိုဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong နှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် General Fan Changlong တို့သည် ဇူလိုင် ၂၃ ရက် နံနက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်
Thursday, July 25, 2013
ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲကို ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ E.SUN Bank သည် လက်ရှိအချိန်တွင် ၀န်ဆောင်မှု လုပ်ငန်းနှစ်မျိုးဖြစ်သော မြန်မာနိုင်ငံ တွင် ရှိ သည့် ထိုင်ဝမ်ကုန်သည်များအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ငွေကြေးအခက်အခဲ များစသည့်ဖြင့်သတင်းများကိုလျင်မြန်စွာစုစည်းပေးမည်ဖြစ်ပြီးဒုတိယအချက်မှာ မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံလိုသော ထိုင်ဝမ်စီးပွားရေး ကုန်သည်များအတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဥပဒေ၊ လူမှုရေး၊ နိုင်ငံရေး စသည့်သတင်းအချက်အလက်များ စုစည်းပေးမည်ဖြစ်ကြောင်း အဆိုပါ ၀န်ဆောင်မှု များကို ထိုင်ဝမ်နိုင်ငံသားများအတွက် ဖြန့်ဝေပေးမည်ဖြစ်သည်။

မြိတ်ကျွန်းစုအား ထိန်းသိမ်းနိုင်ရန် ကမ္ဘာ့ဘဏ်၊ အာရှဘဏ်များသို့ တင်ပြကာ ငွေကြေးအကူအညီ ရယူရန် အစီအစဉ်ရှိ
Thursday, July 25, 2013
မြိတ်ကျွန်းစုအားထိန်းသိမ်းနိုင်ရန် ကမ္ဘာ့ဘဏ်၊ အာရှဘဏ်များသို့ တင်ပြကာငွေကြေးအကူအညီရယူရန် အစီအစဉ်ရှိကြောင်း သစ်တောသယံဇာတပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဦးအုန်း ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုအား ထိန်းသိမ်းနိုင်ရန် အစိုးရနှင့်နိုင်ငံတကာ အကူအညီ များစွာလိုအပ်ကြောင်း၊ သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်းမှ မြိတ်ကျွန်းစုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ယင်းအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှ မြိတ်ကျွန်းစုသည် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိသည့် ကျွန်းစုတစ်ခု ဖြစ်သည့်အတွက် ထိန်းသိမ်းရန် လိုအပ်ကြောင်း၊နိုင်ငံတကာမှ အသိအမှတ်ပြုရန်နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ယူနီယမ်သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို အသစ်ပြင်ဆင် ရေးဆွဲမည်
Thursday, July 25, 2013
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ (Burma Company Act - 1914) သည် ခေတ်စနစ်နှင့် ကိုက်ညီခြင်း မရှိတော့သည့်အတွက် အသစ်ပြင်ဆင် ရေးဆွဲသွားမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားသည်။
ဇူလိုင် ၂၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လသာမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးကြည်မြင့်၏ အဆိုပါဥပဒေကို ပြင်ဆင်ပေးရန် ရှိမရှိ မေးမြန်းချက်ကို ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဦးဆက်အောင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား
Thursday, July 25, 2013
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်းသန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအလောင်းတို့အား ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အမှတ် ၂ လမ်း၊ ရွာသာကြီးရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူ မအေးအေးအောင် ၂၁ နှစ် ဖြစ်ကြောင်း သိရပြီး ၎င်းနှင့်သန္ဓေသား အလောင်းတို့အား သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။

တုပ်ကွေးဖျားနာ ဖြစ်ပွား၍ ဆေးရုံတက် ကုသသည့်ကလေး များပြားသဖြင့် တောင်ငူဆေးရုံတွင် လှေကားအောက် နေရာ၌ပင်ထား၍ ကုသနေရ
Thursday, July 25, 2013
တောင်ငူဆေးရုံတွင် ဇူလိုင်လအတွင်း၌ တုပ်ကွေးဖျားနာဖြစ်ပွား၍ ဆေးရုံတက်ရောက်သည့် ကလေးငယ် များပြားနေပြီး နေရာအခက်အခဲများကြောင့် ဆေးရုံအပေါ်ထပ် သို့တက်သည့် လှေကားအောက် ဆင်ဝင်နေရာ၌ပင်ထား၍ ဆေးကုသနေရကြောင်း ဆေးရုံတက်သည့် ကလေးမိဘများထံမှ သိရှိရသည်။
"ကျွန်တော့်သမီးနဲ့ တူမကို ခုတင်တစ်လုံးတည်းထားပြီး ကုခဲ့ရတာ။ တချို့ဆို လူနာစောင့် ခုတင်တွေနဲ့ ထားပြီး ကုနေရတာ" ဟု အသက် ၆ နှစ်ခန့် ကလေးအား ဆေးရုံတင်ခဲ့ရသူ ၂၀ ရပ်ကွက်နေ ကလေးမိဘ တစ်ဦးက ဇူလိုင် ၂၀ ရက်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ တောင်းဆို
Thursday, July 25, 2013
လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူမှုတွေ မရှိသင့်တော့ကြောင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါတိုင်း နိုင်ငံရေး အကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ အရပ်ဖက် လူမှုအဖွဲ့အ စည်းတွေက ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲမှာတောင်းဆိုကြပါတယ်။ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ကျင်းပတဲ့အစည်းအဝေးကို တက်ရောက်တဲ့အဖွဲ့ပေါင်း စုံက တောင်းဆိုခဲ့တာပါ။ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ကိုဝေမှူးသွင်က ဒီနေ့အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
"နိုင်ငံရေးအကျဉ်းသား သတ်မှတ်တဲ့ပုံစံ၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ စာရင်းဇယားအတိ အကျပြုစုဖို့ အဲဒီဖြေလျော့ရေးအပိုင်းနဲ့ ပြုပြင်ပြောင်းလဲရေးအပိုင်း နှစ်ပိုင်းမှာ ဘယ်ဟာကိုဦးစားပေးပြီး လုပ်သင့်တယ်၊ ဘယ်ဟာတွေကတော့ အရေးကြီးတယ် တိုင်းပြည်ကအခြေအနေကို သုံးသပ်တဲ့ဟာတွေ လုပ်တာပါပဲ”

ရန်ကုန်မြို့တွင် ဒုတိယမြောက် အဆင့်မြှင့်တင်မည့် ရွှေဂုံအိမ်ရာ စီမံကိန်း တည်ဆောက်မှုအတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှစ်ခုကို အပြီးသတ်ရွေးချယ်
Thursday, July 25, 2013
ရန်ကုန်မြို့တွင် ဒုတိယမြောက်အဆင့်မြှင့်တင်မည့်ရွှေဂုံအိမ်ရာစီမံကိန်း တည်ဆောက်မှုအတွက်ကုမ္ပဏီနှစ် ခုကို အပြီးသတ်ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
"လင့်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့်ကရွှေဂုံအိမ်ရာစခန်းအဆင့်မြှင့်ဖို့အတွက်လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီနှစ်ခု ကို အပြီးသတ်ရွေးချယ်ပြီးပါပြီ။ ဇူလိုင် ၂၃ ရက်ကလည်း ရွှေဂုံအိမ်ရာမှာ လက်ရှိနေထိုင်သူတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မကြာခင်မှာ လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်" ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စိမ်းလန်းမြေ ဧရိယာများဖြစ်သော ကန်တော်ကြီးနှင့် အင်းလျားကန် ပတ်ဝန်းကျင်တွင် အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့် ကန့်သတ်ရန် အဆိုပြုထား
Thursday, July 25, 2013
ရန်ကုန်မြို့၏ စိမ်းလန်းမြေဧရိယာများဖြစ်သော ကန်တော်ကြီးနှင့် အင်းလျားကန်ပတ်ဝန်းကျင်တွင် အဆောက်အအုံများထပ်မံဆောက်လုပ်ခွင့်ကန့်သတ်ချက် ထုတ်ပြန်ရန်အတွက် အဆိုပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
ကန်တော်ကြီး၊ အင်းလျားကန်စသော စိမ်းလန်းမြေ ဧရိယာများပတ်လည်တွင် အဆောက်အအုံများစွာ တည်ရှိနေပြီး နောင်တွင်စိမ်းလန်းမြေ ဧရိယာများ ထပ်မံလျော့ကျသွားခြင်း မရှိစေရန် ရည်ရွယ်၍ အဆောက်အအုံများ ထပ်မံဆောက်လုပ်ခွင့်ကို ကန့်သတ်ရန် အဆိုပြုထားခြင်း ဖြစ်သည်။

ဇင်းကျိုက်ရေတံခွန်သို့ လူဦးရေ သိန်းဂဏန်းခန့် လာရောက်အပန်းဖြေခဲ့ကြ
Thursday, July 25, 2013
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာရှိ ကျောက်သဘောင်္ ဇင်းကျိုက်ရေတံခွန်သို့ ၀ါဆိုလပြည့်နေ့ နှင့် လပြည့်ကျော် တစ်ရက်နေ့များတွင် လူဦးရေ သိန်းနှင့်ချီ၍ လာရောက်အပန်းဖြေ ခဲ့ကြသည်။

"ဒီကျောက်သဘောင်္စေတီ ရှိတဲ့နေရာမှာ ရှေးအရင်က သဘောင်္ဆိပ်ကမ်း ဖြစ်ခဲ့ဖူးတဲ့
အထောက်အ ထားတွေ ဦးတို့ငယ်ငယ်က တွေ့ဖူးတယ်။ လုံးပတ် ၁၂ လက်မလောက်ရှိတဲ့
သံလုံးတွေ သဘောင်္ချီတဲ့ ကြိုးတွေတွေ့ဖူးပါတယ်" ဟု ဇင်းကျိုက်တောင်
ကျောက်သဘောင်္ စေတီတော်ဥက္ကဋ္ဌ အသက် (၈၀) အရွယ် ဦးကြီးနံမှ ပြောပါသည်။
Tuesday, July 23, 2013
ယနေ့အကျဉ်းသားများလွှတ်ပေး
ယနေ့ နေ့လည် (၃)နာ ရီ ခန့် က နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာ ခွင့်
နှင့်မြန်မာနိုင်ငံအကျဉ်းထောင် အချို့မှ အကျဉ်းသားစုစုပေါင်း
(၇၃)ဦးတို့အားလွှတ်ပေးလိုက်သည်။ ယခုလွှက်မြောက်လာသော
အကျဉ်းသားများ မှာ အင်းစိန် အကျဉ်းထောင် မှ (၆) ဦး၊ ရွှေဘိုအ ကျဉ်းထောင်မှ
(၅) ဦး၊ င်္ဟသာတအကျဉ်းထောင် မှ (၁) ဦး၊မော်လမြိုင် အကျဉ်းထောင် မှ (၁) ဦး
သာယာဝတီ အကျဉ်းထောင် မှ (၈)ဦး၊မြစ်ကြီးနား အကျဉ်းထောင် မှ (၁၆)ဦီး ၊
မန္တလေးအကျဉ်းထောင်မှ (၈)ဦး၊ လှေ လှော်အင်း ရဲဘက်စခန်းအကျဉ်းစခန်းမှ
(၁)ဦး၊ တို့ဖြစ်ပြီး ကြပြီး ယင်းသို့ နိုင်ငံတော် လွက်ငြိမ်းချမ်းသာခွင့်
ဖြင့် လွက်မြောက်လာသော အကျဉ်းသားများ တွင် နိုင်ငံရေးအကျဉ်းသား (၆၈)ဦးတို့
ပါဝင်ကြသည်ဟုသိရသည်။
သီလဝါ ပထမအဆင့်စီမံကိန်း လျော်ကြေးတွက်ချက်မှု ဇူလိုင် ၃၀ ပြီးမည်
Tuesday, 23 July 2013
မြန်မာ-ဂျပန် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့်စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံများ ကို ပြန်လည် နေရာချထားရေးနှင့် နစ်နာမှု ထောက်ပံ့ကြေးပေးရန် တွက်ချက်မှု ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြီးစီးမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။ လျော်ကြေးတွက်ချက်ရာတွင် မသန်စွမ်းနှင့် သက်ကြီးရွယ်အိုတို့ အတွက် လျော်ကြေးထည့် တွက်ထားသောကြောင့် လျော်ကြေး ရရှိမည့်ပမာဏမှာ တစ်ဦးနှင့်တစ်ဦး မတူ ညီကြောင်း ၎င်းက ရှင်းပြသည်။ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် မည်သူမျှထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တွင် ဒေသခံများနှင့် တွေ့ဆုံစဉ်က ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်း က ပြောဆိုသည်။

ဖိလစ်ပိုင်တွင် အလုပ်ကောင်း ရရှိရေးအတွက် ပြည်သူ ထောင်ပေါင်းများစွာ ဆန္ဒပြ
Tuesday, 23 July 2013
ဖိလစ်ပိုင်နိုင်ငံတွင် အလုပ်အကိုင်ကောင်းများ ရရှိရေး၊ နိုင်ငံသားအားလုံး အကျိုးအမြတ် ခံစားရမည့် တိုးတက်မှုပေါ်ထွန်းရေးအစရှိသည်တို့အတွက် ထောင်ပေါင်းများစွာသောပြည်သူများက မနီလာမြို့ တော်ရှိ လမ်းမများပေါ်တွင် ချီတက် ဆန္ဒပြကြကြောင်း AP သတင်းဌာနက ရေး သား ဖော်ပြသည်။

အဆိုပါ ဆန္ဒပြ ပြည်သူများသည် သမ္မတ ဘန်နီနို အကွီနို ယခု
ရက်သတ္တတစ်ပတ်အတွင်း နိုင်ငံတော် အခြေပြ မိန့်ခွန်း မပြောမီ ယခုကဲ့သို့
တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Huawei Ascend Mate
Tuesday, July 23, 2013
Huaweiရဲ့ မော်ဒယ်သစ် ဖုန်းတစ်မျိုး ဖြစ်တဲ့ Ascend Mateဟာ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ဈေးနှုန်း သင့်တင့်ကောင်းမွန်မှုကြောင့် ဈေးကွက်မှာ အ၀ယ်လိုက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် မကြာသေး ခင်ကမှဈေးကွက်ဝင်ရောက်လာတာဖြစ်ပြီးဈေးကွက်မှာ GSMတွေပြန်လည်ချပေးတော့မှာ ဖြစ်တာကြောင့် သုံးစွဲ သူတွေရဲ့ စိတ်ဝင်စားမှု အထူးခံနေရတာ တွေ့ရပါတယ်။
General
အသုံးပြုနိုင်မယ့် ကွန်ယက်စနစ်တွေကတော့ 2Gစနစ်မှာ GSM၊ 3Gစနစ်မှာ HSDPAတွေ ဖြစ်ပါတယ်။ ထည့်သွင်း အသုံးပြုရမယ့် Simအမျိုးအစားကတော့ Micro-SIMဖြစ်ပြီး ဒီဖုန်းအသစ်ကို ဇန်န၀ါရီလ အတွင်းက စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး မတ်လကတည်းက နိုင်ငံတကာ ဈေးကွက် ကို ဖြန့်ချိ ခဲ့တာ ဖြစ်ပါတယ်။

ဖျောက်ဖျက်၍ မပျောက်ကောင်းသည့် အာဇာနည်တို့ တိမ်းပါးရာ
Tuesday, July 23, 2013
တစ်ချိန်က မြန်မာနိုင်ငံ တစ်ဝန်းလုံး၏ ကံကြမ္မာကို ပုံဖော်ခဲ့သည်အထိ
သမိုင်း အစဉ်အလာ ကြီးမားခဲ့သော နေရာမှာ ယခုအချိန်တွင် ချုံနွယ်
ပိတ်ပေါင်းများအကြား တိတ်ဆိတ်နေပေပြီ။
သိမ်ဖြူလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ပြန်လည် ပြင်ဆင်ရန်အတွက် ဝါးလုံးများဖြင့် ငြမ်းဆင် ကာရံထားသော ကြီးကျယ် ခမ်းနားလှသည့် ကိုလိုနီခေတ် လက်ရာ ယင်းအဆောက်အအုံကြီးကို အထင်အရှား တွေ့မြင်နေရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရန် ဝန်ထမ်း တစ်သိန်းကျော် နေ့စား ခန့်မည်
Tuesday, 23 July 2013
လာမည့်နှစ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဝန်ထမ်း အင်အား တစ်သိန်း နှစ်သောင်း လိုအပ်နိုင်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ခန့်မှန်း ထားပြီး ယင်းဝန်ထမ်း နေရာများတွင် ပညာရေး ဝန်ထမ်းများကို နေ့စားအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်း၏ အမျိုးသားအဆင့် အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
ဒေသအလိုက် စာရင်း ကောက်ခံမည့် ဝန်ထမ်း တစ်သိန်းနှင့် ကြီးကြပ် စစ်ဆေးမည့် စာရင်းစစ် နှစ်သောင်း ခန့်ထားမည်ဖြစ်ပြီး အခြား ဝန်ထမ်းများ ထက် ပညာရေး ဝန်ထမ်းများက တစ်နိုင်ငံလုံး အတိုင်းအ တာ ရောက် ရှိနိုင်သောကြောင့် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“စာရင်းကောက်တဲ့ ဆရာမလေးတွေကို တစ်နေ့ ကျပ်သုံးထောင်နဲ့ ကြီးကြပ်တဲ့ ဆရာမတွေကို ကျပ်လေးထောင် ဆိုပြီး သတ်မှတ်ထားတယ်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောဆိုသည်။

သင်အိပ်နေသည့် ခေါင်းအုံးလေးကို နေပူလှန်းပေးရန် လိုအပ် .......
Tuesday, July 23, 2013
မသိမသာရောဂါများကိုဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရာပါ သင်နှင့်နီးစပ်နေပြီး အိပ်စက်သည့်အခါ ထိတွေ့ နေသည့် ခေါင်းအုံးဆိုတာ သတိမထားကြပါ ဒါကြောင့် သတိမထားမိခြင်း မဖြစ်ရလေအောင် လို့ အခုလို့ အသိပေးပါတယ် ။
လူတွေအားလုံးမည်သူမဆို အိပ်စက်သည့်အခါတွင် ခေါင်းအုံးဖြင့် အနားယူအိပ်စက်ကြပါတယ် အဲလို့ အိပ်စက်သည့်အခါတွင် လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ အဲဒီလို့ ဖြစ်ပေါ် ခြင်းကြောင့်ခေါင်းအုံးအဖုံးအပါခေါင်းအုံးကိုပါညစ်ညမ်းစေပြီးရက်ပေါင်းများစွာကြာသည့်အခါ ခေါင်းအုံးသည် အညစ်အကြေးစုလာ နေသောနေရာ ဖြစ်လာပါတော့သည်။

ပုသိမ်စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည်
Tuesday, July 23, 2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ကန်ကြီးဒေါင့်မြို့နယ်အကြား ငဝန်မြစ်အနီးတွင် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားသည်။ ဒေသဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် မြေယာများကို ဒေသခံ တောင်သူများနှင့် ဈေးညှိနှိုင်း ဝယ်ယူမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် အသုံးပြုမည့် မြေဧက အကျယ်အဝန်းကိုမူ အတိအကျ မသိရှိသေးကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါစက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် Ayeyarwaddy Development Co.,Ltd က ချောင်းစောက်၊ ရှမ်းရွာ၊ ရှမ်းငူကျေးရွာ အတွင်းရှိ မြေဧက ၆၀၀၀ ကျော်ကို တစ်ဧကလျှင် ကျပ်သိန်း နှစ်ဆယ်ဖြင့် ဝယ်ယူလိုသော်လည်း တောင်သူများက လက်မခံဘဲ သက်ဆိုင်ရာ အစိုးရအဖွဲ့ထံသို့ ဇူလိုင်လ ၂၁ ရက်နေ့က ကန့်ကွက်စာ လက်မှတ်ရေးထိုး တင်ပြထားကြောင်း ရှမ်းငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းက ပြောဆိုသည်။

တရုတ် နိုင်ငံ ကော်မရှင်ဒုတိယဥက္ကဌ မြန်မာနိုင်ငံကိုရောက်ရှိ"
Tuesday, July 23, 2013
တရုတ် နိုင်ငံ ဗဟိုစစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လောင်း ( Fan Changlong ) ဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို တရားဝင် အလည်အ ပတ် ရောက်ရှိလာခဲ့ပါတယ်။
တရုတ်ဗဟိုစစ်ရေးကော်မရှင်ဒု ဥက္ကဌ ဟာ ကာဇက်စတန်၊ မြန်မာ နဲ့ ထိုင်း သုံးနိုင်ငံ ခရီးစဉ် လှည့်လည်နေတာ ဖြစ်ပါတယ်။
ရန်ကုန် နိုင်ငံတကာလေဆိပ်ကိုရောက်ရှိချိ န်အတွင်း ထုတ်ပြန်ခဲ့တဲ့
ကြေညာ ချက် မှာ - သူရဲ့ခရီးစဉ်ဟာ တရုတ် မြန်မာ နှစ်နိုင်ငံ ရဲ့
မဟာဗျုဟာမြောက် အထွေထွေ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို
ပိုမိုခိုင်မြဲစေဖို့၊ နားလည်မှု တိုးပွားစေဖို့၊
ဘုံသဘောလအမြင်ချင်းဖလှယ်ဖို့၊ နိုင်ငံနှစ်နိုင်ငံ နဲ့ စစ်တပ် နှစ်ရပ်ကြား
ရင်းရင်းနှီးနှီး ပူးတွဲဆောင်ရွက်မှု မြှင့်တင်ပြီး၊ ဒေသတွင်း
တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းကြဖို့ ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။

ရန်ကုန် နိုင်ငံတကာလေဆိပ်ကိုရောက်ရှိချိ

မြစ်ကြီးနားမြို့တွင် KIA ဆက်ဆံရေးရုံး ဖွင့်ပွဲနှင့် ပက်သက်၍ ရှမ်းမျိုးနွယ်စုရေးရာကော်မတီမှ သဘောထားကြေငြာချက် ထုတ်ပြန်
Tuesday, July 23, 2013
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၂၃၊၇၊၂၀၁၃)ရက်နေ့တွင် KIA ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာ ရပ်မိရပ်ဖများအား ဖိတ်ကြားထားရာ ယင်းရုံးဖွင့်ပွဲသို့ တက်ရောက်ရန် သင့်မသင့်နှင့် ပက်သက်၍ (၂၁၊၇၊၂၀၁၃) ရက်နေ့က မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စုများ ရေးရာကော်မတီမှ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး သဘောထား ကြေငြာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ပင်လုံစိတ်ဓာတ် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက နှစ်ပေါင်း ၆၀
ကျော် တောင်းဆိုလာ သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရန် လွတ်လပ်ရေး
အရယူခဲ့သည့် ပင်လုံ စိတ်ဓာတ်မျိုး ထားရှိ ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သော တိုင်းရင်းသား သက်ကြီး၊ ဝါရင့် နိုင်ငံရေး ခေါင်းဆောင် ကြီးများ ဂါရဝပြုပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသား များကို ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
မွေးရာပါ နှလုံးအားနည်း ကလေးများအတွက် ကျန်းမာရေး ဝန်ဆောင်မှု တိုးမြှင့်မည်
Tuesday, July 23, 2013
မြန်မာနိုင်ငံတွင် မွေးရာပါ နှလုံးအားနည်း ကလေးများ၏ ကျန်းမာရေး ဝန်ဆောင်မှု စီမံချက်များကို ကျန်းမာရေး ဝန်ကြီးဌာနက ယခုနှစ်အတွင်း တိုးမြှင့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က The Voice သို့ ပြောကြား သည်။
ယင်းစီမံချက်တွင် မွေးရာပါ နှလုံးအားနည်း ကလေးများအတွက် သာမက ကိုယ်အင်္ဂါ ချို့ယွင်းမှုရှိ သော ကလေးများကိုပါ စောစီးစွာ စမ်းသပ် သိရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးရန် စီမံချက်များ လည်း ပါဝင်ကြောင်း၊ လက်ရှိ ရန်ကင်း ကလေးဆေးရုံကြီးတွင် တစ်နိုင်ငံလုံးရှိ နှလုံး အားနည်း ရောဂါရှင်များ အတွက် ပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
မြန်မာနိုင်ငံ တစ်ဝန်းတွင် မွေးရာပါ နှလုံးအားနည်းရောဂါ ဖြစ်ပွားသူ ကလေး ဦးရေနှင့် နှလုံးအထူးကု ဆရာဝန် အရေအတွက် အချိုးအစား မမျှတမှု ဖြစ်လျက်ရှိကာ နှလုံးခွဲစိတ် အထူးကု ဆရာဝန်မှာ ရှစ်ဦးသာ ရှိကြောင်း ယင်း နှလုံး ခွဲစိတ် ဆရာဝန် အသိုင်းအဝိုင်းထံမှ သိရသည်။

နေ့စဉ်မိုးလေ၀သသတင်း
Tuesday, July 23, 2013
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှအားအလွန်ကောင်းနေပါသည်။
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပု
NDF ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှုဖြင့် တရားစွဲမှု ယနေ့ စစ်ဆေးမည်
Tuesday, July 23, 2013
အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်း ကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။
ဒေါ်ဘောက်ဂျာကို ကာမိုင်းမြို့နယ်မှ ဒေသခံ ဒေါ်ခမ်းဆိုင်၊ ကာမိုင်းရဲအုပ် သန်းထွန်းဝင်းနှင့် ဥာဏ်ဝင်းတို့နှစ်ဦးတို့က တရားလိုအဖြစ် ပြုလုပ်ပြီး ၂၀ဝ၉ကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။
၂၀ဝ၉ခုနှစ်အတွင်းက ဒေါ်ဘောက်ဂျာကဖားကန့်မြို့နယ်မှ ဒေသခံတစ်ဦးကို ဆေးကုသပေးနေစဉ် သေဆုံး ခဲ့ သည်ဟု စွပ်စွဲကာ တရားစွဲဆိုခြင်းဟု ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“တောင်သူတွေမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့အခါ ဆေးကုတာ လူတစ်ယောက် သေတယ်လို့ ပြော တယ်။ အဲဒီအမှုတွေကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျတာ့ ဗိုလ်ချုပ်အုန်းမြင့်နဲ့ပြေလည်သွားတဲ့အခါမှာ အဲဒီအမှုတွေကို ဖွင့်ပြီးတော့ ရပ်ထားလိုက်တယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်း ကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။
ဒေါ်ဘောက်ဂျာကို ကာမိုင်းမြို့နယ်မှ ဒေသခံ ဒေါ်ခမ်းဆိုင်၊ ကာမိုင်းရဲအုပ် သန်းထွန်းဝင်းနှင့် ဥာဏ်ဝင်းတို့နှစ်ဦးတို့က တရားလိုအဖြစ် ပြုလုပ်ပြီး ၂၀ဝ၉ကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။
၂၀ဝ၉ခုနှစ်အတွင်းက ဒေါ်ဘောက်ဂျာကဖားကန့်မြို့နယ်မှ ဒေသခံတစ်ဦးကို ဆေးကုသပေးနေစဉ် သေဆုံး ခဲ့ သည်ဟု စွပ်စွဲကာ တရားစွဲဆိုခြင်းဟု ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“တောင်သူတွေမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့အခါ ဆေးကုတာ လူတစ်ယောက် သေတယ်လို့ ပြော တယ်။ အဲဒီအမှုတွေကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျတာ့ ဗိုလ်ချုပ်အုန်းမြင့်နဲ့ပြေလည်သ
တောင်-မြောက်ကိုရီးယား ဆွေးနွေးပွဲ နောက်တကျော့ စတင်
Tuesday, July 23, 2013
၃လလောက်ကြာအောင် ပိတ်ထားခဲ့ရတဲ့ တောင်နဲ့ မြောက်ကိုရီးယား ဖက်စပ်
စက်မှုဇုန် ပြန်ဖွင့်ရေး ၅ ကြိမ်မြောက် ဆွေးနွေးပွဲကို တနင်္လာနေ့မှာ
တကျော့ပြန် စတင်လိုက်ပါတယ်။

မြောက်ဦးနှင့် ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ယူနက်စကိုနှင့်ဆွေးနွေး
Tuesday, July 23, 2013
ပျူမြို့ဟောင်း သုံးခုအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြှင့်တင်ရေး၊ မြောက်ဦးနှင့် ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်း အမွေအနှစ်နှင့် အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် နိုင်ငံတော်သမ္မတနှင့် ယူနက်စကို (UNESCO-United Nations Eudcational, Scientific and Cultural Organization) မှ ညွှန်ကြားရေးမှူးချုပ် Mrs.Irina Bokova တို့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ၏ ပြင်သစ်ခရီးစဉ်အတွင်း ယူနက်စကိုမှ ညွှန်ကြားရေးမှူးချုပ် Mrs.Irina Bokova နှင့် ဇူလိုင် ၁၇ ရက် တွင် တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Monday, July 22, 2013
သက်တန့် ရောင်ခြယ် မိန်းကလေးများ စုစည်းထားသော Rainbow Girl Band
Monday, 22 July 2013
တောင်ကိုရီးယား နိုင်ငံက Rainbow Girl Bandက DSP Media က စင်တင်
ပေးခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ထဲ မှာတော့ Seungah, Jaekyung, Woori, Hyun-young, No Eul, Yoonhye,Jisook ဆိုတဲ့ မိန်းကလေး ခုနစ်ဦး ပါဝင်ပြီး သက်တန့်ရောင် အရောင် ခုနစ်မျိုးကို ကိုယ်စား ပြုတဲ့ Girl Band ဖြစ်ပါတယ်။

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်
Monday, 22 July 2013
ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။
အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး
Monday, 22 July 2013
၁။ အမူအကျင့်
တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။
၂။ နေရောင်ခြည်
နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။
နေရောင်ခြည်မှာ ပါဝင်တဲ့ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား
နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ
ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း
နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

အမေရိကန် ရေတပ် အတွက် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်
Monday, July 22, 2013
အမေရိကန် ရေတပ်အတွက် လော့ခ်ဟိဒ်မာတင် ကုမ္ပဏီမှ ထုတ်လုပ်ပေးသော ဒုတိ ယ မြောက် Mobile User Objective System (MUOS) ဆက်သွယ်ရေး ဂြိုဟ်တု တစ်လုံးကို ဇူလိုင် ၁၉ ရက်က အောင်မြင် စွာ လွှတ်တင်နိုင် ခဲ့ပြီးနောက် အမိန့်ပေး ညွှန်ကြားမှုများကို ပြန်လည် တုံ့ပြန်နိုင်ပြီ ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

၂ နှစ်ခန့် အဝယ် ရပ်ခဲ့သည့် ကော်ဖီစေ့ တရုတ် ပြန်ဝယ်
Monday, July 22, 2013
ပြည်ပ အဝယ် ၂ နှစ်နီးပါးခန့် ရပ်နေသည့် မြန်မာ့ ကော်ဖီစေ့ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက ယခု ဇူလိုင်လအတွင်း အဝယ် ပြန်လိုက် လာကြောင်း ပြင်ဦးလွင်မြို့ အခြေစိုက် ကော်ဖီ စိုက်ပျိုးသည့် လုပ်ငန်းရှင်များ ထံမှ စုံစမ်း သိရှိရသည်။
လက်ရှိ ကော်ဖီစေ့ အဝယ် ပြန်လိုက်နေသော်လည်း အနိမ့်ဈေးဖြင့်သာ ဝယ်ယူနေကြောင်းနှင့် ကော်ဖီစေ့ တစ်တန်လျှင် ကျပ် ၁၉ သိန်း ဝန်းကျင် ခန့် ပေါက်ဈေး ရရှိကြောင်း မိုးထက် ကော်ဖီခြံ လုပ်ငန်းရှင် ဦးကျော်ဝင်းက ပြောကြားသည်။
“ဈေးကွက် ကောင်းခဲ့တဲ့နှစ်၊ ဈေးကွက် မပျက်တဲ့ နှစ်တွေဆိုရင် တရုတ်က တစ်တန်ကို ၂၃ သိန်း ပတ်ဝန်းကျင်လောက်တော့ ပေးတယ်” ဟု စီနိုဒါ ကော်ဖီခြံ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ
Monday, July 22, 2013
မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။
အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

အမေရိကန် ရေတပ်အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်း လက်ခံရရှိ
Monday, July 22, 2013
အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို
ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပင်လယ်ပြင် စောင့်ကြည့် ထောက်လှမ်းရေး အတွက် အရေးပေါ် လိုအပ်ချက်အရ ထုတ်လုပ်ခြင်းဖြစ်ပြီး မြေပြင်နှင့် ဝေဟင် စမ်းသပ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေသော မောင်းသူမဲ့ ရဟတ်ယာဉ်များထက် ဝန်ချိန် သုံးဆ ပိုမို သယ်ဆောင် နိုင်ပြီး တာဝေးနှစ်ဆ ပိုမို ပျံသန်းနိုင်စွမ်း ရှိကြောင်း သိရသည်။

မုတ္တမမြို့ဟောင်းနှင့် ပတ်သက်၍ ဗဟုသုတရစေမည့် စာတမ်းဖတ်ပွဲ လုပ်မည်
Monday, July 22, 2013
မွန်ပြည်နယ်ရှိ မုတ္တမမြို့ဟောင်း၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်၍ စာတမ်းဖတ်ပွဲတစ်ခု ကိုအောက်တိုဘာ ခန့်တွင် ကျင်းပမည်ဟု မွန်ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး က ပြောသည်။
“ဖတ်ကြားမယ့် စာတမ်းရှင်တွေကိုလည်း ရွေးထားပြီးပြီ။ စာတမ်းကတော့ လေးငါးစောင်လောက်ကတော့ ဖတ်ဖြစ်အောင်တော့ လျာထားတယ်” ဟု သူကဆက်ပြောသည်။
ပြည်နယ်အစိုးရက မုတ္တမမြို့တွင် ရှေးဟောင်းယဉ်ကျေးမှုဇုန်၊ ဟိုတယ်ဇုန်၊ ဘာသာရေးဇုန်ဟူ၍ ဇုန်သုံးဇုန် သတ်မှတ်ဖော်ဆောင်နေသဖြင့် မကြာမီ ရှေးဟောင်းယဉ်ကျေးမှုဇုန်သည် ပေါ်ပေါက်လာတော့မည်ဖြစ်ရာ ထိုသို့ မပေါ်ပေါက်မီ လူစိတ်ဝင်စားမှု မြင့်တက်လာစေရေးအတွက် စာတမ်းဖတ်ပွဲကို ကျင်းပရခြင်းဖြစ်သည် ဟုလည်း သူက ရှင်းပြသည်။
မွန်ပြည်နယ်ရှိ မုတ္တမမြို့ဟောင်း၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်၍ စာတမ်းဖတ်ပွဲတစ်ခု ကိုအောက်တိုဘာ
“ဖတ်ကြားမယ့် စာတမ်းရှင်တွေကိုလည်း ရွေးထားပြီးပြီ။ စာတမ်းကတော့ လေးငါးစောင်လောက်ကတော့ ဖတ်ဖြစ်အောင်တော့ လျာထားတယ်” ဟု သူကဆက်ပြောသည်။
ပြည်နယ်အစိုးရက မုတ္တမမြို့တွင် ရှေးဟောင်းယဉ်ကျေးမှုဇုန်၊ ဟိုတယ်ဇုန်၊ ဘာသာရေးဇုန်ဟူ၍ ဇုန်သုံးဇုန် သတ်မှတ်ဖော်ဆောင်နေသဖြင့် မကြာမီ ရှေးဟောင်းယဉ်ကျေးမှုဇုန်သည် ပေါ်ပေါက်လာတော့မည်ဖြစ်ရာ ထိုသို့ မပေါ်ပေါက်မီ လူစိတ်ဝင်စားမှု မြင့်တက်လာစေရေးအတွက် စာတမ်းဖတ်ပွဲကို ကျင်းပရခြင်းဖြစ်သည် ဟုလည်း သူက ရှင်းပြသည်။
တရုတ်တွင် ငလျင်လှုပ်ခတ်မှုများကြောင့် အနည်းဆုံး လူ ၂၂ ဦးသေဆုံး
Monday, July 22, 2013
အာဏာပိုင်းများက သေဆုံး၊ ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူ အရေအတွက်မှာ မြင့်တက် လာနိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုများ ယနေ့ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး အခြား လူ ၃၀၀ ခန့်အထိ ဒဏ်ရာရရှိခဲ့သည်။ အာဏာပိုင်းများ က သေဆုံး၊ ဒဏ်ရာရရှိသူများကို ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင် ရွက်နေပြီး သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှုများမှာ တရုတ်နိုင်ငံGansu ပြည်နယ်အလယ်ပိုင်းတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြောင့် Gansu ပြည်နယ်တွင်သာ သေဆုံး၊ ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက အတည်ပြုသည်။

ဂျော့ဂ်ျကလူနီးနှင့် သတင်းအား အီဗာ လောင်ဂရီရာ ရယ်မောငြင်းဆို
Monday, July 22, 2013
ဟောလီးဝုဒ် နာမည်ကျော် ကြယ်ပွင့် မင်းသားကြီး ဂျော့ဂ်ျသည် မကြာသေးမီကမှ ၎င်း၏ချစ်သူ စတေစီ ကီဘလာနှင့် လမ်းခွဲခဲ့သည်။ ထို့နောက်ပိုင်းတွင် ကောလာဟလ သတင်းအချို့က ဂျော့ဂ်ျသည် အီဗာနှင့် ဇာတ်လမ်းသစ် စတင်နေပြီဟု ခန့်မှန်း ဖော်ပြလာ
ဂျော့ဂ်ျကလူနီးနှင့် ဇာတ်လမ်းဖြစ်နေကြောင်း သတင်းများကို မင်းသမီး အီဗာ လောင်ဂရီရာက ရယ်ရယ်မောမော ငြင်းဆိုသွားကြောင်း သိရှိရသည်။ ဟောလီးဝုဒ် နာမည်ကျော် ကြယ်ပွင့် မင်းသားကြီး ဂျော့ဂ်ျသည် မကြာသေးမီကမှ ၎င်း၏ချစ်သူ စတေစီ ကီဘလာနှင့် လမ်းခွဲခဲ့သည်။ ထို့နောက်ပိုင်းတွင် ကောလာဟလ သတင်းအချို့က ဂျော့ဂ်ျသည် အီဗာနှင့် ဇာတ်လမ်းသစ် စတင်နေပြီဟု ခန့်မှန်း ဖော်ပြလာသည်။ Desperate Housewivesစတား အီဗာသည် ကီဘလာနှင့် ဂျော့ဂ်ျတို့ လမ်းမခွဲခင် ကတည်းက ဂျော့ဂ်ျနှင့် ဆက်သွယ်နေကြောင်း သတင်းများက ရေးသားခဲ့သည်။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ
Monday, July 22, 2013
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။