Tuesday, July 23, 2013

တရုတ် နိုင်ငံ ကော်မရှင်ဒုတိယဥက္ကဌ မြန်မာနိုင်ငံကိုရောက်ရှိ"

Tuesday, July 23, 2013
တရုတ် နိုင်ငံ ဗဟိုစစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လောင်း ( Fan Changlong ) ဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို တရားဝင် အလည်အ ပတ် ရောက်ရှိလာခဲ့ပါတယ်။
တရုတ်ဗဟိုစစ်ရေးကော်မရှင်ဒု ဥက္ကဌ ဟာ ကာဇက်စတန်၊ မြန်မာ နဲ့ ထိုင်း သုံးနိုင်ငံ ခရီးစဉ် လှည့်လည်နေတာ ဖြစ်ပါတယ်။
ရန်ကုန် နိုင်ငံတကာလေဆိပ်ကိုရောက်ရှိချိန်အတွင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာ ချက် မှာ - သူရဲ့ခရီးစဉ်ဟာ တရုတ် မြန်မာ နှစ်နိုင်ငံ ရဲ့ မဟာဗျုဟာမြောက် အထွေထွေ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ပိုမိုခိုင်မြဲစေဖို့၊ နားလည်မှု တိုးပွားစေဖို့၊ ဘုံသဘောလအမြင်ချင်းဖလှယ်ဖို့၊ နိုင်ငံနှစ်နိုင်ငံ နဲ့ စစ်တပ် နှစ်ရပ်ကြား ရင်းရင်းနှီးနှီး ပူးတွဲဆောင်ရွက်မှု မြှင့်တင်ပြီး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းကြဖို့ ဖြစ်ကြောင်း ဖော်ပြထား ပါတယ်။ မြန်မာအနေနဲ့ တပ်မတော် ထူထောင်ရေး နဲ့ ကာကွယ်ရေး ဆိုင်ရာ အသစ်ဖြစ်ထွန်းမှုတွေမှာ အောင်မြင်ပါစေလို့ ဆုတောင်းကြောင်းလည်း ပါရှိပါတယ်။
တရုတ် ဗဟိုစစ်ရေးကော်မရှင် ဒု ဥက္ကဌ ဖန်ချန်လောင်း ဟာ ဒီကနေ့ နေပြည်တော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ ရှိပါတယ်။

RFA

No comments:

Post a Comment