Tuesday, December 03, 2013

ဆီးဂိမ်းပြိုင်ပွဲတွေအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကျပ်ငွေ ၂ ဘီလီယံခွဲ သုံးမည်

Tuesday, December 03, 2013
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ဆီးဂိမ်းပြိုင်ပွဲ အဆင့်ဆင့်အတွက် ကျပ်ငွေ သန်း ၁၇၀၀ နီးပါး သုံးစွဲခဲ့ပြီး ဆီးဂိမ်း ပြီးတဲ့အထိ စုစုပေါင်း ကျပ်ငွေ နှစ်ဘီလီယံခွဲ အသုံးပြုမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအထဲမှာ အမျိုးသားအသင်းအတွက် ကျပ်ငွေ သန်း ၈၀၀၊ အမျိုးသမီးအသင်းအတွက် ကျပ်ငွေ သန်း ၈၄၀၊ ဖူဆယ်ဘောလုံးအသင်းအတွက် ကျပ်ငွေ သန်း ၂၀၀ လောက် သုံးထားပြီးဖြစ်တယ်လို့ သူက ပြောပြပါ တယ်။
ဒီငွေတွေဟာ ဘောလုံးအသင်းတွေအနေနဲ့ အဝေးကွင်း သွားကန်တာ၊ အိမ်ကွင်းမှာလက်ခံ ကျင်းပတာတွေ အားလုံး ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၃ ခုနှစ် ဘတ်ဂျက်နှစ်မှာ ငွေကျပ် ၃ ဘီလီယံကျော်အကုန်အကျခံ သုံးစွဲခဲ့ပြီး ဖြစ်တယ်လို့ ဦးဇော်ဇော်က ပြောပါတယ်။

DVB TV News

No comments:

Post a Comment