Tuesday, October 08, 2013

မြန်မာ့ငွေကြေးဆိုင်ရာ ဥပဒေများကို ပြန်ပြင်ရန် ဗဟိုဘဏ်နှင့် ကမ္ဘာ့ဘဏ် တို့ ဆွေးနွေး

Tuesday, October 8, 2013
ရန်ကုန် ၊ အောက်တိုဘာ ၆ ။ ။ မြန်မာ့ ငွေကြေးဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများ အကြံပြုနိုင်ရန် အတွက် ကမ္ဘာ့ဘဏ်အဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ် တို့ ယခုလနောက်အပတ် အတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရ သည်။ပြည်တွင်းရှိ ငွေကြေးဆိုင် ရာဥပဒေများကို ပြန်လည်ပြင် ဆင်ပြုပြင်ရန်နှင့် အသစ်ပြန်လည် ရေးဆွဲနိုင်ရန်အတွက် ကမ္ဘာ့ဘဏ် နှင့်ဆွေးနွေးမှု များ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ''အကုန်လုံးကတော့ သူ့ခေတ်နဲ့ သူ အကောင်းဆုံးရေးဆွဲထား တာ တွေချည်းပါပဲ။ အခုဟာက ပြန် လည်ပြင်ဆင်ရမလား၊ အသစ် ရေးဆွဲသွားမလားဆိုတာကို ကမ္ဘာ့ ဘဏ်နဲ့ပူးပေါင်းပြီး လုပ်ဆောင် သွားမယ်''ဟု ပြောသည်။ အောက်တိုဘာ ၅ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံဘဏ်များ အသင်း၌ ပြုလုပ်သည့် ငွေ ကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲခြင်းဆိုင်ရာ ဆွေး နွေးပွဲတွင် ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဘဏ်နှင့်ပတ်သက်သည့် နည်းဥပဒေများကို ပြင်ဆင်ရေးဆွဲ ရာ၌ ခေတ်နှင့် လျော်ညီသည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲ မည်ဖြစ်ပြီး ဘဏ်နှင့်မပတ်သက် သည့် ငွေကြေးအဖွဲ့အစည်း များ နှင့်လည်း ခေတ်သစ်စနစ်သစ်များ နှင့် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး ရေးကော်မတီမှ ဥက္ကဋ္ဌဦးအောင် သောင်းက ပြောသည်။
ဦးအောင်သောင်းက''ပြည် သူလူထုဆန္ဒ၊ လုပ်ငန်းရှင်များရဲ့ ဆန္ဒတွေကိုလဲ ဥပဒေအသစ် ရေးဆွဲတဲ့အခါမှာ ထည့်သွင်းဆွေး နွေးသွားမယ်''ဟုပြောသည်။ဘဏ်များတွင် ဗဟိုဘဏ် ဥပဒေ၊ ငွေကြေးဥပဒေ၊ နိုင်ငံတ ကာ ရင်းနှီးမြှုပ်နှံမှုဥပဒေဟူ၍ သုံးမျိုး ရှိပြီး ယခုအခါတွင်e- Banking, Auto Banking များ အပြင် လို အပ်သည်များကို ဥပဒေ စည်းမျဉ်း စည်းကမ်းများအရ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြား သည်။ မြန်မာနိုင်ငံဗဟိုဘဏ်နှင့် သက်ဆိုင်သော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများဆိုင်ရာ စည်း မျဉ်းဥပဒေများမှာ ၁၉၉ဝပြည့်နှစ် က ရေးဆွဲထုတ်ပြန်ခဲ့သော ဥပဒေ များဖြစ်ပြီး အခန်းပေါင်း ၁၆ခန်း နှင့် ပုဒ်မ၉ဝကျော်ရှိရာမှပြန်ပြင် ရေးဆွဲရာတွင် အခန်းပေါင်း ၂၂ခု နှင့် ပုဒ်မပေါင်း ၁၆၉ခုရှိကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment