Friday, October 04, 2013

ဗိုလ်ချုပ်ပုံများကို ဂုဏ်သိက္ခာမဲ့စေသည့် လုပ်ရပ်များတွင် အသုံးပြုလျှင် ထောင်ဒဏ်တစ်နှစ် ကျခံရမည်ဟု ပြည်သူ့လွှတ်တော်က အတည်ပြု

Friday, October 4, 2013
အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏ပုံကိုဂုဏ်သိက္ခာမဲ့သည့်လုပ်ရပ်များတွင်အသုံး ပြုလျှင် ထောင် ဒဏ်၊ ငွေဒဏ် များချမှတ်နိုင်သည့် ပုဒ်မအား ၁၉၅၄ ခုနှစ် နိုင်ငံတော်အထိမ်းအမှတ်များ (ဆင်ယင်ပြ သမှု ကန့်သတ်ရေး)အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစားထိုးပြင်ဆင်ချက်အ တည်ပြုလိုက်ကြောင်းသိရသည်။ 
ထိုသို့ အစားထိုးပြင်ဆင်ချက်အား အတည်ပြုလိုက်သည့်ပုဒ်မသည် မူလဥပဒေဖြစ် သည့် ပြစ်ဒဏ်ကျခံခြင်း အခန်း၏ ပုဒ်မ- ၇ ၏ ပုဒ်မခွဲငယ်(ကက)နှင့် (ခခ) တို့ကိုပယ်ဖျက်ခဲ့ပြီး ပုဒ်မခွဲ(ကက) တွင် 'တရားဝင် အသင်းများမှတစ်ပါး အခြားသူများဆိုလျှင် ထောင်ဒဏ်တစ်နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် ၅၀၀၀၀ ထက် မပိုစေရ၊ ထို့ အပြင် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရမည်' ဟုလည်းကောင်း၊ ပုဒ်မခွဲငယ် (ခခ)တွင်'တရားဝင်အသင်းအဖွဲ့ဖြစ်လျှင်ဒဏ်ငွေကျပ်တစ်သိန်းထက်မပိုစေရ'ဟုလည်းကောင်း ထောင်ဒဏ် ပါဝင်ခြင်း မရှိဘဲ ဥပ ဒေကြမ်းကော်မတီမှ အစားထိုး ပြင်ဆင်လိုက်ကြောင်းသိရသည်။ ထိုသို့ အစားထိုးပြင်ဆင်မှုနှင့် ဥပဒေပြင်ဆင်ချက်များကို အောက်တိုဘာ ၂ ရက်က ဥပဒေကြမ်းကော် မတီ၏ ပြင်ဆင်ဖြည့်စွက်ချက်များအတိုင်း ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် အတည်ပြု လိုက်ခြင်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ်ဦးဝင်းမြင့်က ''ဆန္ဒပြ တဲ့နေရာတွေမှာ ဗိုလ်ချုပ် ပုံကိုင် ပြီး ဆန္ဒပြတာမျိုးဟာဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်လို့ဆိုရင် အစောက ပြောခဲ့သလိုပဲ ပုဒ်မခွဲငယ်(ကက) နဲ့(ခခ)တို့ကို အရေးယူလို့ရတယ်။ ဒီပြင်ဆင်ချက်တွေကအခုမှ ပြည်သူ့လွှတ်တော်က အတည် ပြုလိုက် တာဖြစ်တယ်။ အမျိုး သားလွှတ်တော်နဲ့ ပြည်ထောင် စုလွှတ်တော်မှာ အတည်ပြုဖို့ လိုတယ်''ဟုပြောသည်။
 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က ''အမျိုးသားခေါင်းဆောင်ရဲ့ ပုံတွေကို ကိုယ်အာဏာရရေး အတွက် လယ်ကွင်းထဲမှာ စာခြောက်ရုပ်လိုချိတ်ဆွဲထားတာမျိုးကိုတော့ ကျွန် တော်တို့ အမျိုးသားေ ခါင်းဆောင်ကြီးကို လေးစားတဲ့အတွက်လက်မခံပါဘူး''ဟု ပြောသည်။ ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအ မှတ်များ(ဆင်ယင်ပြသမှုကန့်သတ်ရေး)အက်ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးတင်မောင်ဦးက လွှတ်တော်သို့ တင်သွင်း ခဲ့ပြီး ပြည်သူ့ လွှတ်တော်ဥပဒေကြမ်း ကော်မတီ က ပြန်လည်စိစစ်အစီရင်ခံ မှုများအတိုင်း အတည်ပြုလိုက် ခြင်းဖြစ်သည်။ အဆိုပါဥပဒေကြမ်းပြင် ဆင်မှု တွင် မူလဥပဒေကြမ်းအား ပြင်ဆင်ချက်တင်ပြသည့် ပြည် သူ့လွှတ်တော် ကိုယ်စား လှယ် ဦးတင်မောင်ဦး ၏ ပြင်ဆင်ချက် အချက်လေးချက်အား ပယ်ဖျက် ခဲ့ပြီး ဥပဒေကြမ်းကော်မတီ၏ပြင်ဆင်ချက်များအတိုင်း ပြည် သူ့လွှတ်တော်က အတည်ပြု လိုက်သည်။ 
ဝေမာသိမ့်
Yangon Media Group

No comments:

Post a Comment