Wednesday, October 02, 2013

အီရန်နျူကလီးယားအရေးကို ၎င်းတို့တစ်နိုင်ငံတည်းပင် ကိုင်တွယ်ရန်အသင့်ဖြစ်နေကြောင်း အစ္စရေးဆို


Wednesday, October 2, 2013
အီရန်တို့နျူကလီးယားဗုံး ပြုလုပ်ခြင်းကိုရပ်တန့်ရန်၎င်းတို့တစ်နိုင်ငံတည်းပင်ကိုင်တွယ်ရန်အသင့်ဖြစ် နေကြောင်း အီရန်ခေါင်းဆောင်သစ်များနှင့် သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေခြင်းအပေါ် သတိပေးသည့်အနေဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့တွင် ပြောကြားသည်။
“အီရန်နျူကလီးယား လက်နက်လုပ်မှာကိုအစ္စရေးခွင့်ပြုမှာမဟုတ်ပါဘူး၊ တကယ်လို့ အဲဒီကိစ္စအတွက် အစ္စရေးနိုင်ငံတစ်နိုင်ငံပဲကျန်ခဲ့မယ်ဆိုရင်လည်း အစ္စရေးဟာ တစ်နိုင်ငံတည်းရပ်တည်သွားမှာပါ” ဟု ကုလ သမဂ္ဂ ညီလာခံတွင် နေတန်ယာဟု ပြောကြားသည်။
Photo: အီရန်နျူကလီးယားအရေးကို ၎င်းတို့တစ်နိုင်ငံတည်းပင် ကိုင်တွယ်ရန်အသင့်ဖြစ်နေကြောင်း အစ္စရေးဆို
Wednesday, October 2, 2013

အီရန်တို့ နျူကလီးယားဗုံး ပြုလုပ်ခြင်းကို ရပ်တန့်ရန် ၎င်းတို့တစ်နိုင်ငံတည်းပင် ကိုင်တွယ်ရန် အသင့်ဖြစ် နေကြောင်း အီရန်ခေါင်းဆောင်သစ်များနှင့် သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေခြင်းအပေါ် သတိပေးသည့် အနေဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့တွင် ပြောကြားသည်။

“အီရန်နျူကလီးယားလက်နက်လုပ်မှာကို အစ္စရေးခွင့်ပြုမှာမဟုတ်ပါဘူး၊ တကယ်လို့ အဲဒီကိစ္စအတွက် အစ္စရေးနိုင်ငံတစ်နိုင်ငံပဲကျန်ခဲ့မယ်ဆိုရင်လည်း အစ္စရေးဟာ တစ်နိုင်ငံတည်းရပ်တည်သွားမှာပါ” ဟု ကုလသမဂ္ဂ ညီလာခံတွင် နေတန်ယာဟု ပြောကြားသည်။

အီရန်ကိုယ်စားလှယ်တို့က အီရန်နျူကလီးယားအစီအမံသည် ငြိမ်းချမ်းရေးအတွက်သာရည်ရွယ်ကြောင်း တုံ့ပြန်ပြောကြားပြီး နေတန်ယာဟုက အီရန်သမ္မတသစ်သည် “သိုးရေခြုံသောဝံပုလွေ”ဖြစ်ကြောင်း ပြောကြားသည်။

သမ္မတအိုဘားမားက အစ္စရေးဝန်ကြီးချုပ်နှင့် တနင်္လာနေ့က တွေ့ဆုံချိန်တွင် အင်အားကြီး အနောက်နိုင်ငံများ သည် အီရန်နှင့် သံတမန်ရေးရာကို စမ်းသပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှု များသည် အီရန်နိုင်ငံစီးပွားရေးကို ဆိုးဝါးစွာထိခိုက်နေသောကြောင့် အီရန်ခေါင်းဆောင်များသည်ပိတ်ဆို့မှုများမှ သက်သာလိုကြောင်း ရှင်းလင်းစွာဖော်ပြပြောကြားပြီးဖြစ်ရာ အိုဘားမားက“ဒါပေမယ့် ကျွန်တော်တို့ဟာအဲဒီဆွေးနွေးပွဲတွေကို လုံးဝရှင်းရှင်းလင်းလင်းသိရှိပြီးတော့ ပြုလုပ်ရပါမယ်၊ လွယ်မှာတော့ မဟုတ်ဘူး၊ ပြီးတော့ အီရန်တို့လိုချင်တဲ့ ပိတ်ဆို့အရေးယူမှုကနေသက်ညှာခွင့် ပေးနိုင်ဖို့ဆိုရင် မှန်ကန် ကောင်းမွန်ကြောင်း အတည်ပြုနိုင်မှုဟာ အမြင့်ဆုံးအဆင့်မှာရှိနေဖို့ ကျွန်တော်တို့ တကယ်ကို လိုအပ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

နေတန်ယာဟုက အီရန်သမ္မတရိုဟာနီ အီရန်နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိကာလများကိုလည်းထည့်သွင်းပြောကြားခဲ့သည်။

၎င်းကာလများတွင် ဖြစ်ပေါ်ခဲ့သည့် စစ်သွေးကြွတိုက်ခိုက်မှုများစွာသည် အီရန်နိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲပြစ်တင်မှုများရှိခဲ့ရာ အစ္စရေးဝန်ကြီးချုပ်က “အဲဒီအချိန်တုန်းက အီရန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေးတစ်ယောက်ဟာ အဲဒီတိုက်ခိုက်မှုတွေအကြောင်း ဘာမှမသိဘူးဆိုတာ ကျွန်တော်တို့ယုံရမလား” ဟု ပြောကြားသည်။

အီရန်သမ္မတသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အီရန်နျူကလီးယားအစီအမံများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဖြစ်ပေါ်နေသည့် သံသယများကို အဆုံးသတ်ရန် လများမကြာမီအတွင်းတွင်ပင် သဘောတူညီချက် တစ်ခုရလိုကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတနှင့်လည်း နှစ် သုံးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် အီရန်-အမေရိကန် သမိုင်းဝင်ဖုန်းအပြန်အလှန်တိုက်ရိုက်ပြောကြားခဲ့သည်။

အနောက်နိုင်ငံမှ စေ့စပ်ညှိနှိုင်းသူများနှင့် အီရန်ကိုယ်စားလှယ်များသည် ဂျနီဗာတွင် ပထမဆုံးအကြိမ်အဖြစ် ယခုလအတွင်း တွေ့ဆုံကြမည်ဖြစ်သည်။

Ref:AF
The Myanma Age 
 အီရန်ကိုယ်စားလှယ်တို့က အီရန်နျူကလီးယားအစီအမံသည် ငြိမ်းချမ်းရေးအတွက်သာရည်ရွယ်ကြောင်း တုံ့ပြန်ပြောကြားပြီးနေတန်ယာဟုကအီရန်သမ္မတသစ်သည်“သိုးရေခြုံသောဝံပုလွေ”ဖြစ်ကြောင်း ပြောကြား သည်။ သမ္မတအိုဘားမားက အစ္စရေးဝန်ကြီးချုပ်နှင့် တနင်္လာနေ့က တွေ့ဆုံချိန်တွင် အင်အားကြီး အနောက်နိုင်ငံများသည်အီရန်နှင့်သံတမန်ရေးရာကိုစမ်းသပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများသည်အီရန်နိုင်ငံစီးပွားရေးကိုဆိုးဝါးစွာထိခိုက်နေသောကြောင့်အီရန်ခေါင်းဆောင်များ သည် ပိတ်ဆို့မှုများမှ သက်သာလိုကြောင်း ရှင်းလင်းစွာဖော်ပြပြောကြားပြီးဖြစ်ရာ အိုဘားမားက“ဒါပေမယ့် ကျွန်တော်တို့ဟာအဲဒီဆွေးနွေးပွဲတွေကိုလုံးဝရှင်းရှင်းလင်းလင်းသိရှိပြီးတော့ ပြုလုပ်ရပါမယ်၊ လွယ်မှာတော့ မဟုတ်ဘူး၊ပြီးတော့အီရန်တို့လိုချင်တဲ့ပိတ်ဆို့အရေးယူမှုကနေသက်ညှာခွင့် ပေးနိုင်ဖို့ဆိုရင်မှန်ကန် ကောင်း မွန်ကြောင်း အတည်ပြုနိုင်မှုဟာ အမြင့်ဆုံးအဆင့်မှာရှိနေဖို့ ကျွန်တော်တို့ တကယ်ကို လိုအပ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
နေတန်ယာဟုကအီရန်သမ္မတရိုဟာနီအီရန်နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိကာလများကိုလည်းထည့်သွင်းပြောကြားခဲ့သည်။
၎င်းကာလများတွင် ဖြစ်ပေါ်ခဲ့သည့် စစ်သွေးကြွတိုက်ခိုက်မှုများစွာသည် အီရန်နိုင်ငံက လုပ်ဆောင် ခဲ့ကြောင်း စွပ်စွဲပြစ်တင်မှုများရှိခဲ့ရာ အစ္စရေးဝန်ကြီးချုပ်က “အဲဒီအချိန်တုန်းက အီရန်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး အကြံပေးတစ်ယောက်ဟာ အဲဒီတိုက်ခိုက်မှုတွေအကြောင်း ဘာမှမသိဘူးဆိုတာ ကျွန်တော် တို့ယုံရမလား” ဟု ပြောကြားသည်။
အီရန်သမ္မတသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အီရန်နျူကလီးယားအစီအမံများနှင့် ပတ်သက် ၍ နိုင်ငံတကာမှ ဖြစ်ပေါ်နေသည့် သံသယများကို အဆုံးသတ်ရန် လများမကြာမီအတွင်းတွင်ပင် သဘော တူညီချက်တစ်ခုရလိုကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတနှင့်လည်းနှစ်သုံးဆယ်ကျော်အတွင်း ပထမ ဆုံးအကြိမ် အီရန်-အမေရိကန် သမိုင်းဝင်ဖုန်းအပြန်အလှန်တိုက်ရိုက်ပြောကြားခဲ့သည်။
အနောက်နိုင်ငံမှ စေ့စပ်ညှိနှိုင်းသူများနှင့် အီရန်ကိုယ်စားလှယ်များသည် ဂျနီဗာတွင်ပထမဆုံးအကြိမ်အဖြစ် ယခုလအတွင်း တွေ့ဆုံကြမည်ဖြစ်သည်။
Ref:AF
The Myanma Age

No comments:

Post a Comment