Thursday, October 03, 2013

မြုံနေသည့် အမျိုးသမီးများ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာ တွေ့ရှိ

Thursday, October 3, 2013
မြုံနေသော အမျိုးသမီး ၏ သား အိမ်အတွင်း၌ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေ သည့် နည်းပညာသစ် တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပြီး ၄င်း နည်းပညာ သုံး၍ ဂျပန် အမျိုးသမီး အား ကလေး မီးဖွား စေခဲ့ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင် များက စက်တင်ဘာ ၃ဝ ရက် တွင် ပြော ကြားခဲ့သည်။စတန်းဖို့ဒ် တက္ကသိုလ်ရှိ သားဖွား နှင့် မီးယပ်ရောဂါ ဌာနမှ ပါမောက္ခ အာရွန်ဆန် သည် မြုံနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ် အတွင်း၌ မျိုးဥဖြစ် ထွန်းစေသည့် နည်းသစ် တစ်ခု အား ရှာ ဖွေတွေ့ရှိခဲ့သည်။အဆိုပါ နည်းပညာသစ် မှာ ကနဦး အဆင့်၌သာ ရှိသေးသော်လည်း မျိုးဥ မထုတ် လွှတ်နိုင်တော့သည့် သားအိမ် ရှိသော အမျိုးသမီးငယ် များ အတွက် မျှော်လင့်ချက် တစ်ခု ပင် ဖြစ်သည်။ ၄င်း အမျိုးသမီး များသည် ငယ်ငယ်ရွယ်ရွယ်နှင့် သွေးဆုံးကြပြီး ကိုယ်ဝန် ဆောင်လိုပါက မျိုးဥ လှူဒါန်းခြင်း တစ်ခု သာ ရွေးချယ်စရာ ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ခြင်းမှာ သားအိမ် အလုပ် မလုပ်ခြင်း ဖြစ်ပြီး အသက် ၄ဝ မတိုင်ခင် အရွယ် ၌ပင် သားအိမ် အလုပ်လုပ်ခြင်း မရှိပေ။ အဆိုပါ သုတေသန ပြုလုပ်မှုအား ဂျပန်နိုင်ငံ၌ ပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ ဖြစ်ပွားနေသူ အမျိုးသမီး ၂၇ ဦးပါဝင် ခဲ့ပြီး ပျမ်းမျှ အသက် ၃၇ နှစ် အရွယ်များ ဖြစ်ကြသည်။ ၄င်းတို့ထဲ၌ ၁၃ဦး၏သားအိမ်ကြွင်းကျန်နေသော မွေး ညင်း ပေါက်လေးများရှိသေးပြီး ၄င်းမွေညင်း ထဲ၌ မကြီးထွားသေးသော မျိုးဥတစ်ခုရှိသည်။
အဆိုပါ နည်းပညာ သစ်အား နောက် ထပ်တစ်ဆင့် စစ်ဆေးရာ၌ မြုံခြင်းနှင့်ဆိုင်သော ရောဂါ ဝေဒနာ များအား တိုက်ဖျက်နိုင်မှု ရှိ မရှိကို မျှော်လင့်လျက် ရှိကြောင်း သုတေသန ပညာရှင်များ က ပြောကြားသည်။
Ref:AFP
သိင်္ဂီဝင်း
Popular Myanmar News Journal

No comments:

Post a Comment