Monday, September 30, 2013

အဆိုတော် ဂျက်မြသောင်းကို ဂီတအစည်းအရုံးမှ တောင်းပန်

Monday, September 30, 2013
အဆိုတော်ဂျက်မြသောင်းကို မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိသူများက ၎င်းတို့၏ ရေးသားမှု လွဲမှား ရခြင်းနှင့် ပတ်သက်ပြီး တောင်းပန်လိုက်သည်။ အဆိုပါတောင်းပန်မှုကို စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဂီတအလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားလိုက် သည်။ဂျက်မြသောင်း၏“နှလုံးသွေးများရပ်တန့်သွားပါစေ”သီချင်းအား အဆိုပြိုင်ပွဲတစ်ပွဲမှခွင့်ပြုချက်တောင်း ခံခြင်းမရှိဘဲသုံးစွဲခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ဂျက်မြသောင်းက မိမိ၏ခွင့်ပြုချက်မရယူဘဲ မည်သည့် ပြိုင်ပွဲမှယှဉ်ပြိုင်ခြင်းမပြုရန်မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှတစ်ဆင့်တားမြစ်ပေးရန်အကူအညီ တောင်းခံ ခဲ့ရာမှ ယင်းသို့နားလည် မှု လွဲမှားခြင်းခဲ့ကြခြင်း ဖြစ်သည်။ “ဂျက်မြသောင်းကိစ္စမှာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ကရေးသားတဲ့စာနဲ့ပတ်သက်ပြီး ဂီတအစည်း အရုံးဘက်မှာတာဝန်ရှိတယ်လို့ယူဆပါတယ်။ အဲဒီအတွက်အဆိုတော်ဂျက်မြသောင်းကိုလည်းတောင်းပန် ပါတယ်။ အဆိုတော်ဂျက်မြသောင်းရဲ့ဆန္ဒက ဒီသီချင်းကို တခြားသူတွေဆိုဖို့ တားမြစ်တာ လုံးဝမဟုတ် သလို သဘောတူခွင့်ပြုချက်ရရှိအောင် ယူဖို့ပါ” ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိသူက ဆိုသည်။
“ဂျက်မြသောင်းနဲ့ပတ်သက်ပြီးအစည်းအရုံးကထုတ်ပြန်တာက TV Channel နှင့် မီဒီယာများဆိုပြီး ရေးသား ထုတ်ပြန်ထားတယ်။ နောက်ပြီး တေးသံရှင်ဂျက်မြသောင်းက ၎င်းကိုယ်တိုင်ရေးသားသီဆိုထားသော သီချင်းများအားမည်သည့်ပြိုင်ပွဲများတွင်ပါဝင်ခွင့်မပြုပါရန် ဂီတအစည်းအရုံးအားတင်ပြလာပါသဖြင့် လူကြီး မင်းတို့၏ဌာနမှ လိုအပ်သလို သိရှိဆောင်ရွက်နိုင်ရန် အကြောင်းကြားအပ်ပါသည်ဟု ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အဆိုတော် ဂျက်မြသောင်းရဲ့ကိစ္စမှာ TV Channel နှင့် မီဒီယာများလို့ သုံးနှုန်းခဲ့တာက မီဒီယာ ဆိုတာ မူပိုင်ခွင့်နဲ့ပတ်သက်ရင်သတင်းတွေ၊ စာနယ်ဇင်းတွေကိုပဲဆိုလိုတာမဟုတ်ပါဘူး။ FM တွေကလည်း မီဒီယာထဲမှာ ပါဝင်တာကြောင့် မီဒီယာများလို့ သုံးနှုန်းခဲ့တာပါ” ဟု အာဆီယံ နိုင်ငံများ အသိဥာဏ် ပစ္စည်း ဆိုင်ရာအဖွဲ့ အစည်း၏ အမှုဆောင်ဦးအောင်စိုးဦး က ဆိုသည်။ ဂီတအစည်းအရုံးအနေဖြင့် တေးသီချင်း မူပိုင်ခွင့်များ ကို ဖြေရှင်းရာတွင် CNC အဖွဲ့မှသာ လုပ်ကိုင်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment