Monday, September 23, 2013

ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ တောင်ကြီးမြို့မှာ ပြီးစီး

Monday, September 23, 2013
တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ြ ခင်း ဆွေးနွေးပွဲဟာ ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ညီလာခံကြီးရဲ့ အကြိုညီလာခံ သဘောမျိုးဖြစ်တယ်လို့ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ ပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်(၂) ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး စောလွင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာကျင်းပနေတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်)ဆွေးနွေးပွဲအပြီးမှာ ဗိုလ်မှူးကြီး စောလွင်က အာအက်ဖ်အေကို ပြောပါတယ်။“၃ ရက်ကြာကျင်းပတဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဖြစ်မြောက်ရေးကော်မတီက အားရကျေနပ် မှုရှိတယ်၊ ကျနော်တို့ ရည်မှန်းတာထက်ပိုပြီးတော့လည်း အောင်မြင်တယ်လို့ ပြောချင်တယ်၊ ဒီနေ့ရလာဒ် အရဆိုရင်တော့ ဒီမှာလုပ်ခဲ့တဲ့ ညီလာခံဟာ ကျနော်တို့ပြောပြောနေကြတဲ့ ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ညီလာခံကြီးရဲ့ အကြိုညီလာခံ ဖြစ်သွားပြီလို့ပြောချင်တယ်၊ ရှေ့ဆက်ပြီးတော့ ဒီလိုညီလာခံမျိုးတွေ နောက် ဆုံးအဆင့် ညီလာခံ မရောက်မချင်း ကြားထဲမှာလည်း အလားတူညီလာခံလုပ်သွားပါမယ်”
တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲကနေ သဘောထားကြေညာချက်(၅)ချက်ကို ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီကြေညာချက်ထဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ မတရားသင်းအက်ဥပဒေ အပါအဝင် ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊ တန်းတူပြီးကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ ညီလာခံကြီး ကျင်းပရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်)အသစ်ပြန်လည်ရေးဆွဲရေး စတဲ့အချက်တွေ ဖြစ်ပါ တယ်။စက်တင်ဘာလ ၂၁ ရက်ကနေ ဒီကနေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ အဲဒီဆွေးနွေးပွဲ ကို နိုင်ငံရေးပါတီ ၂၁ ပါတီ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်း ၃ ဖွဲ့နဲ့ လေ့လာသူအဖွဲ့အစည်း ၃၁ ဖွဲ့က ကိုယ်စားလှယ် ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

Photo: ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ တောင်ကြီးမြို့မှာ ပြီးစီး
Monday, September 23, 2013 

တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲဟာ ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ညီလာခံကြီးရဲ့ အကြိုညီလာခံ သဘောမျိုးဖြစ်တယ်လို့ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ ပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်(၂) ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး စောလွင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာကျင်းပနေတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်)ဆွေးနွေးပွဲအပြီးမှာ ဗိုလ်မှူးကြီး စောလွင်က အာအက်ဖ်အေကို ပြောပါတယ်။

“၃ ရက်ကြာကျင်းပတဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဖြစ်မြောက်ရေးကော်မတီက အားရကျေနပ်မှုရှိတယ်၊ ကျနော်တို့ ရည်မှန်းတာထက်ပိုပြီးတော့လည်း အောင်မြင်တယ်လို့ ပြောချင်တယ်၊ ဒီနေ့ရလာဒ်အရဆိုရင်တော့ ဒီမှာလုပ်ခဲ့တဲ့ ညီလာခံဟာ ကျနော်တို့ပြောပြောနေကြတဲ့ ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ညီလာခံကြီးရဲ့ အကြိုညီလာခံ ဖြစ်သွားပြီလို့ပြောချင်တယ်၊ ရှေ့ဆက်ပြီးတော့ ဒီလိုညီလာခံမျိုးတွေ နောက်ဆုံးအဆင့် ညီလာခံ မရောက်မချင်း ကြားထဲမှာလည်း အလားတူညီလာခံလုပ်သွားပါမယ်”

တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲကနေ သဘောထားကြေညာချက်(၅)ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ မတရားသင်းအက်ဥပဒေ အပါအဝင် ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ ဥပဒေအားလုံးကို ရုပ်သိမ်းပေးရေး၊ တန်းတူပြီးကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ ညီလာခံကြီး ကျင်းပရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး စတဲ့အချက်တွေ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၁ ရက်ကနေ ဒီကနေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၂၁ ပါတီ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်း ၃ ဖွဲ့နဲ့ လေ့လာသူအဖွဲ့အစည်း ၃၁ ဖွဲ့က ကိုယ်စားလှယ် ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

RFA RFA

No comments:

Post a Comment