Thursday, September 26, 2013

ဝိုင်မက်စ်အင်တာနက်အတွက် မိုဘိုင်းဖုန်းအရွယ်စက် နှစ်မကုန်မီ ရောင်းမည်

Thursday, September 26, 2013
ဝိုင်မက်စ်အင်တာနက် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအရွယ်အစားခန့်စက် ကို ယခုနှစ်မကုန်မီ စတင်ရောင်း ချပေးသွားမည်ဖြစ်ကြောင်း Redlink ကုမ္ပဏီမှ သိရသည်။ အဆိုပါစက်မှာ လက်တစ်ဝါးခန့် အရွယ်အစား သာရှိမည်ဖြစ်ပြီး ဘက်ထရီ ဖြင့် အားသွင်းအသုံးပြုရမည်လည်းဖြစ်ကြောင်း Redlink တာဝန်ရှိသူတစ်ဦး က ပြောသည်။ ”အဓိကရည်ရွယ်တာကတော့ သယ်ရလွယ်ကူတဲ့ စက်ဖြစ်ဖို့ပါ။ နိုင်ငံတကာမှာတော့ မမ်မိုရီစတစ်ဆိုဒ်လောက်ပဲရှိတဲ့စက်တောင်ရှိပါတယ်”ဟု ၎င်းက ဆက် ပြော သည်။ ယခင်ထုတ်လုပ်  ထား သည့်အိမ်သုံးဝိုင်မက်စ် အင်တာနက်စက်(CPE)ထက်၊ ထုတ်လွှင့်မည့်စွမ်းအင်စနစ်နည်းမည်ဖြစ်ပြီး ယင်းအတွက် တစ်ကိုယ်စာ အသုံးပြုမှု များနှင့် သယ်ယူရလွယ်ကူစေရန် အတွက်သာ ထုတ်လုပ်မည်ြ ဖစ်ကြောင်းသိရသည်။ လက်ရှိတွင် ၎င်းစက်ဖြင့် ဝိုင်မက်စ်အင်တာနက်အသုံးပြုနိုင်ရန် ကွန်ရက်လို အပ်မှု များရှိနေေ သးပြီး ယင်းအတွက် ရန်ကုန်မြို့၌ နက်ဝပ်ခ်ကွန်ရက်တိုးချဲ့မှု များလုပ်ဆောင်နေ ပြီ ဖြစ်ကြောင်း သိရသည်။ယင်းစက်ဖြင့်အသုံးပြုနိုင်ရန်နက်ဝပ်ခ်တိုင်များကိုအရေအတွက်စိပ်စိပ်ဖြင့်တိုးချဲ့ရမည်ဖြစ်ပြီးတိုင်နှင့်အလွန်ဝေး သည့် နေရာများအတွက်မူ အင်တာနက်လိုင်းရရှိမှုနည်းမည် ဖြစ်သည်။ ယခင်ရောင်းချသည့် အိမ်သုံး ယူနစ်စက်ဖြင့် တွဲဖက်ရောင်းချမည့် ပုံစံမျိုး ပြုလုပ်ရန်စီစဉ်နိုင်ခြေရှိသည်ဟု Redlink တာဝန်ရှိသူကဆို သည်။ ၎င်းစက်အတွက် ဝိုင်မက်စ်လိုင်းဝယ်ယူခ ထပ်မံပေးချေရခြင်းမျိုးမဟုတ်ဘဲ ဝယ်ယူသူ အကောင့် တစ်ခုတည်းမှ စက်နှစ်မျိုးခွဲ၍ အသုံးပြုခြင်းမျိုးသာ ဖြစ်မည်ဟုသိရသည်။

သုတလင်း
Popular Myanmar News Journal

No comments:

Post a Comment