Thursday, August 15, 2013

ယခုဘဏ္ဍာနှစ်အတွင်း ငါးရှဥ့်တင်ပို့မှု လျာထားချက်ထက် နှစ်ဆပိုမည် ခန့်မှန်း

 Thursday, August 15, 2013
မြန်မာနိုင်ငံ၏အဓိကရေထွက်ပို့ကုန်ဖြစ်သောငါးရှဥ့်အားယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည်ထက် နှစ်ဆ ပိုမိုတင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူများက ပြောသည်။
လာမည့်နှစ်အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ငါးရှဥ့်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၃၀ရရှိရန် မျှော်မှန်းထားသော်လည်း ပထမလေးလပတ်အတွင်းမှာပင် ကန်ဒေါ်လာ ၁၈ သန်း ရှိထားပြီးဖြစ်၍ လျာထားချက်ထက် နှစ်ဆတင်ပို့ နိုင်မည်ဟု ခန့်မှန်းခြင်းဖြစ်သည်။
ယင်းသို့တင်ပို့နိုင်ရေးနှင့်ပတ်သက်ပြီးကုန်စည်ရရှိမှုအခြေအနေကိုမြန်မာနိုင်ငံငါးရှဥ့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဘသော်က “ငါးရှဥ့်ကို အရင်တုန်းက ဖမ်းဆီးမှုကနေရရှိ လာတာတွေပဲရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး ငါးရှဥ့် မွေးမြူရေး စလုပ်ခဲ့ကြတာ တော်တော်အောင်မြင်နေကြတယ်။ ငါးရှဥ့်ပို့ကုန် အတွက်က တိုးတက်လာဖို့ရှိတယ်” ဟုပြောသည်။ ငါးရှဥ့်မွေးမြူရေးလုပ်ငန်းများအားတွံတေးမြို့နယ်နှင့်ဖျာပုံမြို့နယ်တို့တွင်အများဆုံးလုပ်ကိုင်လျက်ရှိပြီးပြည် ပပို့ကုန်အဖြစ်လည်း တင်ပို့မှုများရှိနေရာ ငါးမွေးမြူရေးလုပ်ငန်းရှင်များက မွေးမြူရန် စိတ်ဝင်စားလာ ကြကြောင်း ဆိုသည်။ ဦးဘသော်က ငါးရှဥ့်ကို တရုတ်နိုင်ငံသို့သာ အဓိကအများဆုံးတင်ပို့လျက်ရှိပြီး လက်ရှိတွင် ငါးရှဥ့်တစ်တန်လျှင် ကန်ဒေါ်လာ ၆၀၀၀ ကျော် ဈေးရရှိလျက်ရှိပြီး ပြီးခဲ့သည့်နှစ်က တစ်တန် လျှင် ကန်ဒေါ်လာ ၇၀၀၀ ခန့် အထိဈေးပေါက်ခဲ့ကြောင်းဆိုသည်။ တစ်နှစ်ထက်တစ်နှစ် ငါးရှဥ့်များကို ပိုမိုဝယ်ယူလျက်ရှိကြောင်း ဆက်ပြောသည်။
ငါးရှဥ့်တင်ပို့မှုမှ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၉ သန်းရရှိခဲ့ပြီး နှစ်စဉ် တောက်လျှောက် တိုးမြှင့် ရရှိလာခဲ့ရာ ပြီးခဲ့သည့်နှစ်တွင် ကန်ဒေါ်လာ ၄၈ သန်းအထိ ရရှိထားသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ပရေထွက်ပို့ကုန်တင်ပို့မှုမှ ရရှိခဲ့သောဝင်ငွေ ကန်ဒေါ်လာသန်း ၆၀၀ ကျော် တွင် ငါးရှဥ့်ပို့ကုန်မှ ၄၈ သန်းကျော်ရရှိခဲ့ပြီး ငါးရှဥ့်မှာ ရေထွက်ပို့ကုန်များတွင် အဓိက ပါဝင်သည်။
မဇ္ဈိမ

No comments:

Post a Comment