Tuesday, August 06, 2013

လိုလား တက်ကြွသော မိတ်ဖက်အဖြစ် အီရန်ကို အမေရိကန် ကမ်းလှမ်း

Tuesday, August 06, 2013
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် အီရန် သမ္မတ ရိုဟာနီသည် သမ္မတ ရာထူး လက်ခံ ရယူခဲ့ပြီး နောက် အီရန်နှင့် လိုလား တက်ကြွသော မိတ်ဖက်အဖြစ် အမေရိကန် အစိုးရက ကမ်းလှမ်းလိုက်ေ ကြာင်း BBC သတင်းတွင် ဖော်ပြထားသည်။
ယခုချိန်ခါတွင် အီရန် နျူကလီးယား ရည်မှန်းချက်ကြောင့် ကမ္ဘာ့နိုင်ငံများ၏ စိုးရိမ် ကြောက်ရွံ့မှုများကို လျော့ပါးအောင် ပြုလုပ်နိုင်သော အခွင့်အရေးနှင့် နိုင်ငံတကာ တာဝန် ဝတ္တရားများနှင့်အညီ ပြုမူ သွားရန် အခွင့်အရေး ရှိနေသည့် အချိန် ဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် က ပြောကြားသည်။ အီရန် သမ္မတသစ် ရိုဟာနီသည် ၎င်း၏ သမ္မတ ရာထူး လက်ခံသည့် အခမ်းအနား မိန့်ခွန်းတွင် အီရန် နိုင်ငံသားများအပေါ် သင့်တင့် မျှတသော အစိုးရ ဖြစ်စေရန် ကတိပြု ပြောကြားခဲ့သကဲ့သို့ အီရန် အပေါ် ချမှတ် ထားသော နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးရန်ကိုလည်း အီရန် သမ္မတသစ် ရိုဟာနီက တိုက်တွန်း ပြောကြားသွားသည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ အီရန်နဲ့ ဒေသတွင်း နိုင်ငံများကြား၊ အီရန်နဲ့ ကမ္ဘာ့နိုင်ငံများကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ ကြိုးစား သွားမယ်” ဟု အီရန်သမ္မတသစ် ရိုဟာနီ၏ သမ္မတ ရာထူး လက်ခံ ရယူ သည့် အခမ်းအနားတွင် အီရန် လွှတ်တော်သို့ ပြောကြားသည်။

“ဘယ်နိုင်ငံမှ စစ်တိုက်ပြီးတော့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှာ မဟုတ်ပါ ဘူး။ အီရန်အနေနဲ့လည်း တိုင်းတစ်ပါး နိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူး” ဟု အသက် ၆၄ နှစ်အရွယ် ရှိသော အီရန် နျူကလီးယား အရေးနှင့် ပတ်သက်သော ကိုယ်စားလှယ်ဟောင်းဖြစ်သူ ရိုဟာနီက ပြောကြားသည်။

သဘောထား အလယ်အလတ်ရှိသူဟု ယူဆ ခံထားရသော အီရန် သမ္မတသစ် ရိုဟာနီသည် အီရန် အစိုးရအဖွဲ့ အမည်စာရင်း တင်သွင်းရာတွင် သဘောထား အလယ်အလတ်ရှိသူ အများအပြား ပါဝင်ခဲ့ပြီး ကုလသမဂ္ဂရေးရာ အီရန် သံအမတ်ဟောင်း မိုဟာမက်ဂျာ ဗတ်ဇာရစ်ဖ်ကို အီရန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

အီရန် သမ္မတသစ် ရိုဟာနီသည် ၎င်း၏ သမ္မတ ရာထူး လက်ခံ ရယူသည့် အခမ်းအနား မိန့်ခွန်းတွင် အီရန်နှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် အခက်အခဲ ဖြစ်စေသော၊ အီရန်အပေါ် စီးပွားရေး ပိတ်ဆို့ရသည့် အကြောင်း ဖြစ်သည့် အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားသွားခြင်း မရှိပေ။

“အီရန် အစိုးရသစ် အနေနဲ့ နိုင်ငံတကာ တာဝန် ဝတ္တရားတွေနဲ့ လုံးလုံးလျားလျား ကိုက်ညီတဲ့ ပုံစံကိုပဲ ရွေးချယ်သင့်ပါတယ်။ ပြီးတော့လည်း ဒီလို ကိစ္စမျိုးတွေမှာ ငြိမ်းချမ်းတဲ့ အဖြေရှာနည်းကို ရှာဖွေသင့်ပါ တယ်။ ဒီလို လုပ်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ လိုလိုလားလားရှိတဲ့ ရင်းနှီး ချစ်ကြည်မှု ရနိုင်ပါလိမ့်မယ်” ဟု အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျေးနာနေးက ပြောကြားသည်။

ဇွန်လက ကျင်းပခဲ့သည့် အီရန် သမ္မတ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော အီရန် သမ္မတသစ် ရိုဟာနီသည် အီရန် သံတမန် အသိုင်းအဝိုင်း တွင် နှစ်ပေါင်း ၃၀ ခန့် အလုပ် လုပ်ခဲ့သူဖြစ်ပြီး၊ ယခင်သမ္မတ အာမက်ဒီနေ ဂျက်လောက် သဘောထား ပြင်းထန်သူ မဟုတ်ခြင်းကြောင့် ပြုပြင် ပြောင်း လဲရေး လိုလားသူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment