Tuesday, August 27, 2013

ယာဉ်ကြောပိတ်ဆို့မှု လျော့ချနိုင်ရန် ကားပါကင် သီးသန့်ဇုန်ထားရှိပြီး စည်းကမ်းမဲ့ လမ်းအသုံးပြုသူများ ထိရောက်စွာ အရေးယူ

Tuesday, August 27, 2013
မြန်မာနိုင်ငံအတွင်းမော်တော်ယာဉ်များစွာဝင်ရောက်လာသည့်နှင့်အမျှ ယာဉ်စည်းကမ်းမလိုက်နာမှု၊ လမ်းမလုံလောက်မှု၊ ကားပါကင် မလုံလောက်မှုတို့ကြောင့် မကြာခဏ ဆိုသလို ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေပြီး၊ အဆိုပါယာဉ်ကြော ပိတ်ဆိုမှုကို အနည်းငယ်လျော့ချနိုင် ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့တွင် ကားပါကင်ဧရိယာသီးသန့် ဇုန်များဆောက်လုပ်ရန် စီစဉ်လျက် ရှိကြောင်းနှင့် စည်းကမ်းမဲ့လမ်းအသုံး ပြုသူများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နေကြောင်း သိရှိရသည်။ ယခုအခါတွင် မော်တော်ယာဉ် များရပ်နားနိုင်ရန် ကားပါကင်များ လုံလောက်မှုမရှိခြင်းကြောင့် ယာဉ် ပိုင်ရှင်များသည် လမ်းများပေါ်တွင် ယာဉ်ကို နှစ်ထပ်ထားရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုကြန့်ကြာ မှုဖြစ်စေသည့်အတွက် ယခုကဲ့သို့ ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ တွင် ကားရပ်နားနိုင်ရန် ကားပါကင် ဧရိယာ သီးသန့်ဇုန်များ ဖွင့်လှစ်ရန် စီစဉ်နေပြီး၊ ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်ပွားစေမည့် စည်းကမ်းမဲ့လမ်းအသုံး ပြုသူများတွင်မော်တော်ယာဉ်၊ အနှေး ယာဉ်၊ ဆိုင်ကယ်၊ လမ်းလျှောက်သူ များ ပါဝင်ပေမဲ့ စည်းကမ်းမဲ့မှုတွင် အများဆုံး ခရီးသည်တင်ယာဉ်ဘတ်စ် ကားများမှာ ၉၀ ရာခိုင်နှုန်းအထိ အရေးယူခံနေရကြောင်း သိရသည်။

စည်းကမ်းမဲ့ အသုံးပြုသူများ ကို အရေးယူခဲ့ရာ ၂၀၁၁ ခုနှစ်၊ ရန် ကုန်တိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၌ စည်းကမ်းမဲ့မောင်းနှင်သည့် မော် တော်ယာဉ်အစီးရေး ၁၁၀၀၀ ကျော် မော်တော်ဆိုင်ကယ် အစီးရေ ၅၈၀ ကျော်ကို ထိရာက်စွာ အရေးယူမှု ပြု ခဲ့ကြောင်း သိရှိရသည်။

Auto World Journal

No comments:

Post a Comment