Monday, July 01, 2013
ဖက်ဒရယ်မူနှင့်တိုင်းရင်းသားတို့၏အမြင် ဆွေးနွေးခြင်းအား ရခိုင်အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆွေးနွေးပွဲ (၈/၂၀၁၃)တွင် ဦးဆောင်ဆွေးနွေးကြောင်း သိရသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ မဟုတ်သလို အနှစ်သာရလည်း မဟုတ်တဲ့အတွက် အဲ့ဒီဥပဒေကို ပြင်ဖို့က အရင်လိုအပ်တယ်”ဟု ရခိုင်ဒီမိုကရေဆီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။
၎င်းဆွေးနွေးပွဲတွင် တရားလွှတ်တော် ရှေ့နေတစ်ဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူများ၏ ဆန္ဒနှင့် ပြောင်းလဲလိုလျှင် မည်သည့်ပုံစံဖြင့် ပြောင်းလဲနိုင်သနည်းဟု မေးမြန်းရာတွင်လည်း ဖွဲ့စည်းပုံ အခြခံ ဥပဒေအား ပြင်ဆင်ခြင်းသည် လွှတ်တော်တွင်း၌ ပြုလုပ်ရမည်ဖြစ်ပြီး ထိုသို့ပြောင်းလဲရာတွင် အခက်အခဲအတားအဆီးများ ရှိပါက ပြည်သူလူထု၏ ဆန္ဒဖြင့် တောင်းဆို၍ရနိုင်ကြောင်း ဦးအေးသာအောင်က ဆွေးနွေးသွားသည်။
ဖက်ဒရယ်စနစ်ကျင့်သုံးနိုင်ရန် တိုင်းရင်းသား အမြင်များ ဆွေးနွေးမှုနှင့် အခြေခံဥပဒေဆွေးနွေးပွဲအား ရှစ်ကြိမ်တိုင် ပြုလုပ်နိုင်ခဲ့ကြောင်း သိရပြီး ဇူလိုင်လ ၁၄ရက်နေ့၌ ပြုလုပ်မည့် ဆွေးနွေးပွဲအား ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလွင်က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ခေတ်
No comments:
Post a Comment