Wednesday, July 17, 2013

ဂစ်တာတီးခြင်းစသည့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသောအသားမာ များကို လျော့ပါးစေနည်း

Wednesday, 17 July 2013
အသားမာများကို ပျော့ပြောင်း သွားအောင် ပြုလုပ်ဖို့ အခြေခံမှာ ရေစိမ်ခြင်း၊ အသားအရေကို အစို ဓာတ်ပေးခြင်းတို့ ပြုလုပ်ကြသည်။
အချို့က ရေမြုပ်ကျောက်ကို လည်းကောင်း၊ ကော်ပတ်စားသည့် စက္ကူ
အပျော့စားကိုလည်းကောင်း အသုံးပြုကြသည်။ အချို့ကမူ လက်သည်း
ညှိတံစည်းကို အသုံးပြုကြ သည်။ သို့သော် လက်သည်းညှိ တံစည်းသည် ပွန်းရှမှုဖြစ် စေသဖြင့် ဆီးချိုဝေဒနာရှင်များအတွက် သင့် လျော်မှုမရှိနိုင်ပါ။

Photo: ဂစ်တာတီးခြင်းစသည့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသောအသားမာ
များကို လျော့ပါးစေနည်း
Wednesday, 17 July 2013 

အသားမာများကို ပျော့ပြောင်း သွားအောင် ပြုလုပ်ဖို့ အခြေခံမှာ ရေစိမ်ခြင်း၊ အသားအရေကို အစို ဓာတ်ပေးခြင်းတို့ ပြုလုပ်ကြသည်။

အချို့က ရေမြုပ်ကျောက်ကို လည်းကောင်း၊ ကော်ပတ်စားသည့် စက္ကူ
အပျော့စားကိုလည်းကောင်း အသုံးပြုကြသည်။ အချို့ကမူ လက်သည်း
ညှိတံစည်းကို အသုံးပြုကြ သည်။ သို့သော် လက်သည်းညှိ တံစည်းသည် ပွန်းရှမှုဖြစ် စေသဖြင့် ဆီးချိုဝေဒနာရှင်များအတွက် သင့် လျော်မှုမရှိနိုင်ပါ။

ပြုလုပ်နည်းမှာ

 ရေဇလုံ (၁)ခုတွင် ရေနွေးထည့်၍ ချေးတွန်း ဆား၊ ရနံ့ပါသောအလှဆီတို့ကို ထည့်ပါ။ အသားမာကို တတ်နိုင်သလောက်တိုက်၍ ပယ်ရှားပစ်ပြီး အသားမာ ရှိသည့်နေရာကို စိမ်ထားပါ။ 

ထို့ နောက် ရေဖြင့် သေချာစွာ ဆေးပါ။ ပြီးလျှင် ကလေးလိမ်းဆီ ဖြင့် လိမ်း၍
 နှိပ်ပေးပါ။ အစိုဓာတ် မပြယ်စေရန် လက်အိတ်သို့မဟုတ် ခြေအိတ်ကို ပတ်ထားပါ။

စလုပ်သည့်အချိန်တွင် အသားကို လုံးဝရေမစိုစေရန် သတိပြုပါ။ ၄င်းကို ညအိပ်ယာဝင်ချိန်တွင် ပြုလုပ်လေ့ရှိကြသည်။ ဤသို့ ဖြင့် နံနက်နိုးလာလျှင်
 နူးညံ့ချောမွတ်သော အသားအရေကို တွေ့ရပါမည်။ ဤ နည်းအတိုင်း လက်၊ လက်မောင်း၊ တံတောင်ဆစ်၊ ဒူး၊ ခြေထောက်မှအသားမာများကိုလည်း
 ချောမွတ် နူးညံ့အောင် ပြုလုပ်နိုင်သည်။

နှင်း
Health Updates Journal 

No comments:

Post a Comment