Monday, July 29, 2013
မြန်မာနိုင်ငံ၏ လူနေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်သည့် ဟင်္သာတမြို့တွင်
လမ်းပေါ်၌ စည်းကမ်းမဲ့ ရပ်နားမှုများကြောင့် လမ်းပိတ်ဆို့မှု ဖြစ်စေ သည့်
မော်တော်ယာဉ်များကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စိစစ်အရေးယူမည်
ဖြစ်ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ယာယီတာဝန်ခံ ရဲတပ်ကြပ်ကြီး
မျိုးမြင့်အောင်က ပြောကြားသည်။
မြို့တွင်းလမ်းများ
ပိတ်ဆို့ပျက်စီးမှုနှင့် ပတ်သက်၍ တိုင်ကြားသည့်အတွက် အပတ်စဉ်
ဗုဒ္ဓဟူးနေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စိစစ်ရန်အ တွက်
ရွေ့လျားစစ်ဆေးရေး အဖွဲ့ကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး
လမ်းပိတ်ဆို့မှု အဓိက ဖြစ်စေသည့် ကုန်တင် မော်တော်ယာဉ်များနှင့်
အခြားမော်တော်ယာဉ်များကို ဒဏ်ငွေရိုက်၍ အရေးယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
လမ်းမများပေါ်တွင် သုံးဘီးဆိုင်ကယ်များ၊ ကုမ္ပဏီမော်တော်ယာဉ်များနှင့်
ကုန်တင်ကုန်ချ မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်နားထားပြီး ကုန်တင်ကုန် ချ
ပြုလုပ်နေခြင်းကြောင့် လမ်းပိတ်ဆို့ခြင်းဖြစ်ပြီး လမ်းများလည်း
ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
မြို့ပေါ်ရှိ
ကားဂိတ်ပေါင်း ၂၀ ကျော်၌ ခရီးသည်တင် မှန်လုံယာဉ်နှင့် သုံးဘီးဆိုင်ကယ်
အစီးရေ ၂၀၀ ကျော်ရှိပြီး ကုန်တင်မော်တော်ယာဉ်ကြီး သီးသန့်အစီးရေ ၂၀၀
ကျော်ရှိရာ လမ်းပိတ်ဆို့မှု မရှိစေရန်အတွက် မော်တော် ယာဉ်လိုင်းများကို
စနစ်တကျ ရပ်နားပြေးဆွဲရန် သတိပေးထားကြောင်း ဟင်္သာတမြို့နယ် မော်တော်ယာဉ်
လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး
ဦးသင်းကြိုင်က ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment