Friday, July 19, 2013

အသည်းရောင် အသားဝါပညာပေးဟောပြောပွဲ လာရောက်သူများ တီဗွီ၊ ရေခဲသေတ္တာများ ကံစမ်းမဲဖေါက်ပေးမည်

Friday, July 19, 2013
မန္တလေးမြို့တွင် အသဲရောင်ရောဂါနေ့အတွက် ဟောပြောပွဲကျင်းပမည်ဖြစ်ပြီး လူထုတက်ရောက်ရန် တီဗွီ၊ ရေခဲသေတ္တာစသော အီလက်ထရောနစ်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်ဖြင့် စည်းရုံးနေရကြောင်း ဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာစွမ်းထက်ကပြောသည်။
“လက်ရှိမှာ မြန်မာနိုင်ငံဟာ အသည်းရောင်အသားဝါ “ဘီ” ဖြစ်ပွားမှု အမြင့်ဆုံးသောနိုင်ငံထဲက တစ်နိုင်ငံ ပါ။ လူတိုင်းအသည်းနဲ့ သက်ဆိုင်တဲ့ အသိပညာရှိအောင် အသည်းရောဂါမဖြစ်အောင် လိုက်နာနေထိုင်သင့် ပါတယ်” ဟု အသည်းရောဂါပညာဌာနမှ ဆရာဝန်တစ်ဦးကပြောသည်။

မန္တလေးမြို့ အထွေရောဂါကုဆေးရုံကြီး အသည်းရောဂါပညာဌာန၊ ဌာနမှူးအသည်း အထူးကုဆရာဝန်ကြီး ဒေါက်တာညိုမီသန်းလှိုင်နှင့်အဖွဲ့က အသည်းရောဂါဆိုသည်မှာနှင့် အသည်းရောင်အသားဝါရောဂါဆိုသည်မှာ အကြောင်းအရာများကို ဟောပြောမည်ဖြစ်သည်။ အသည်းရောင်ရောဂါနေ့ ဟောပြောပွဲကို ကျင်းပရေးကော်မတီ (မန္တလေး)သည် ဇူလိုင်၂၈ ရက် နံနက် ၉ နာရီတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ မည်ဖြစ်သည်။
ဟောပြောပွဲတက်ရောက်သူများအား ၃၂ လက်မတီဗွီ၊ ရေခဲသေတ္တာများနှင့် အီလက်ထရောနစ်ပစ္စည်း ဆယ်မျိုး ထည့်သွင်းကံစမ်းဖောက်ပေးမည့်အပြင် တီရှပ်လက်စွဲအိတ် လက်ဆောင်ပေးမည်ဖြစ်သည်။
Mizzima News

No comments:

Post a Comment