Monday, May 27, 2013

ယခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆု NLD ပညာရေးကွန်ရက် ရရှိ

Citizen-Burma-Award

ပြည်သူ့ဂုဏ်ရည်အသင်းက ချီးမြှင့်သော ၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ ဂုဏ်ရည်ဆုကို “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့ ဆိုးဆာမြို့တော် ခန်းမတွင် ယနေ့ မေလ ၂၆ ရက်နေ့တွင် ပြုလုပ်သော ဆုပေးအပ်ပွဲ အခမ်းအနားတွင် အဆိုပါ ဆုအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြည်သူ့ဂုဏ်ရည်ဆုရှင် အဖြစ် “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ်ချီးမြှင့်ခဲ့ သလိုတခြား ပြည်သူ့ဂုဏ်ရည် အထူးဆု ၃ ဆုကိုလည်း ရွှေးချယ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။
ပြည်သူ့ ဂုဏ်ရည် အထူးဆု ရွေးချယ်ချီးမြှင့်ခံရသူများမှာ  မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဦးနေမျိုးဇင်၊ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” လူမှုကွန်ရက် လှုပ်ရှားမှုများကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ တနိုင်တပိုင် သောက်ရေသန့်နည်းပညာ ဖြန့်ဝေနေသူ ဦးသန်းနိုင် တို့ ဖြစ်ကြသည်။
ပြည်သူ့ ဂုဏ်ရည်ဆုရှင်အား ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း) ချီးမြှင့်ပြီး  ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်များအား ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ် နှင့် ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀ (တစ်ထောင်) ချီးမြှင့်သည်ဟု သိရသည်။
ဆုရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၌လည်း မကြာမီ ကျင်းပသွားမည် ဖြစ်သည်။
၂၀၁၄ ခုနှစ် ပဉ္စမ အကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment