Monday, May 27, 2013

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ဒေါ်လာ ၄၉၈ သန်း ကူညီမည်


president-japan-305
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နေပြည်တော်တွင် တွေ့ဆုံစဉ်
 
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ချောမွေ့အောင်မြင်ရေးအတွက် အားပေးကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၄၉၈ သန်းကျော် အကူအညီ   ပေးသွားမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၃ ရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက်မှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို ကြေညာလိုက်တာပါ။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲအစီအစဉ်တွေ  အရှိန်အဟုန်ရရှိစေဖို့  မြန်မာနိုင်ငံက ပေးဆပ်ဖို့ ကျန်ရှိနေတဲ့  အကြွေးငွေ  အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀၀ ကျော်ကိုလည်း   လျှော်ပစ်မယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မစ္စတာ အာဘေးဟာ မြန်မာနိုင်ငံကို ၃၆ နှစ်အတွင်း ပထမဆုံး လာရောက်တဲ့ ဂျပန် ဝန်ကြီးချုပ် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

No comments:

Post a Comment