Thursday, May 02, 2013

နေပြည်တော်ကို အခြေပြုပြီး လေကြောင်းလိုင်းသစ်သုံးခု ထပ်တိုးရန်ရှိ

Photo: နေပြည်တော်ကို အခြေပြုပြီး လေကြောင်းလိုင်းသစ်သုံးခု ထပ်တိုးရန်ရှိ

မေလ ၂ ရက် ၂၀၁၃

နိုင်ငံသားပိုင် ပြည်တွင်းအခြေပြု လေကြောင်းလိုင်းသုံးခု ထပ်မံထွက်ပေါ်လာရန် ရှိနေသည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရပြီး ၎င်းသုံးခုစလုံးမှာ နေပြည်တော်လေဆိပ်ကို အခြေပြု ပြေးဆွဲရမည်ဟု ၂၅-၄-၂၀၃ ရက်က သိရသည်။

 နေပြည်တော် လေဆိပ်သစ်ကြီးကို ပြည်တွင်းလေကြောင်းများ ပျံသန်းမှု အားနည်းနေပြီး ယခုတစ်ကြိမ်တွင် ပြည်တွင်းလေကြောင်းလိုင်း သုံးခုစလုံး အနေဖြင့် ထပ်ဆင့် တင်ပြချက် ပြုလုပ်ရဦးမည်ဖြစ်ကာ နေပြည်တော် လေဆိပ်တွင် ဆင်းသက်စေရေး အတွက်ကိုမူ စဉ်းစား တွက်ဆစရာ ဖြစ်နေသည်ဟု သိရသည်။ “FMI ရယ်၊ Apex ရယ်၊ MAS (Myanmar Aviation Service) တို့ သုံးခုပါပဲ။ သူတို့က ခွင့်ပြုချက်ကို တင်ပြီးတော့ စောင့်နေတာ။

 နေပြည်တော်လေဆိပ်မှာ ဆင်းရမယ့် ကိစ္စကိုလည်း သူတို့ပြန်တွက်နေကြတယ်” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ နေပြည်တော် အခြေပြုပြီး ပျံသန်းစေမည်ဖြစ်သော အဆိုပါ လေယာဉ်များကို အစောပိုင်း Promotion များအဖြစ် အခွန်ကောက်ခံမှု လျှော့ချပေးခြင်းနှင့် အခြားသော ဖြေလျှော့ပေးသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ 

“ဝန်ကြီးဌာနဘက်က သူတို့ကို မှာထားတာ ရှိတယ်။ နေပြည်တော်ကို ပျံသန်းစေချင်တယ်။ ဖြစ်နိုင်ရင် ပြန်ပြီးစာရင်းပေးဖို့ ပြောထားတယ်။ သူတို့ဘက်က ပြန်တင်ရင် စိစစ်ပြီး ချပေးမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်နိုင်ငံသားပိုင် ပြည်တွင်းအခြေပြု လေကြောင်းလိုင်းသုံးခု ထပ်မံ ထွက်ပေါ်လာရန် ရှိနေသည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရပြီး ၎င်းသုံးခုစလုံးမှာ နေပြည်တော်လေဆိပ်ကို အခြေပြု ပြေး ဆွဲရမည်ဟု ၂၅-၄-၂၀၃ ရက်က သိရသည်။
နေပြည်တော် လေဆိပ်သစ်ကြီးကို ပြည်တွင်းလေကြောင်းများ ပျံသန်းမှု အားနည်းနေပြီး ယခုတစ်ကြိမ်တွင် ပြည်တွင်းလေကြောင်းလိုင်း သုံး ခုစလုံး အနေဖြင့် ထပ်ဆင့် တင်ပြ ချက် ပြုလုပ်ရဦး မည်ဖြစ် ကာ နေပြည်တော် လေဆိပ်တွင် ဆင်းသက်စေရေး အတွက်ကိုမူ စဉ်းစား တွက်ဆစရာ ဖြစ်နေသည်ဟု သိရသည်။ “FMI ရယ်၊ Apex ရယ်၊ MAS (Myanmar Aviation Service) တို့ သုံးခုပါပဲ။ သူတို့က ခွင့်ပြုချက်ကို တင်ပြီးတော့ စောင့်နေတာ။

နေပြည်တော်လေဆိပ်မှာ ဆင်းရမယ့် ကိစ္စကိုလည်း သူတို့ပြန်တွက်နေကြတယ်” ဟု လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းက ပြောကြားသည်။ နေပြည်တော် အခြေပြုပြီး ပျံသန်းစေမည်ဖြစ်သော အဆိုပါ လေယာဉ်များကို အစောပိုင်း Promotion များအဖြစ် အခွန်ကောက်ခံမှု လျှော့ချပေးခြင်းနှင့် အခြားသော ဖြေလျှော့ပေးသည့် လုပ်ဆောင်ချက် များကို ဆောင် ရွက်ပေးနေသည်ဟု သိရသည်။

“ဝန်ကြီးဌာနဘက်က သူတို့ကို မှာထားတာ ရှိတယ်။ နေပြည်တော်ကို ပျံသန်းစေချင် တယ်။ ဖြစ်နိုင် ရင် ပြန်ပြီးစာရင်းပေးဖို့ ပြောထားတယ်။ သူတို့ဘက်က ပြန်တင်ရင် စိစစ်ပြီး ချပေးမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment