Saturday, April 20, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

Photo: အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ
Friday, 19 April 2013

ဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ နှစ် အထိ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး
 နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်း
လည်း ဖြစ်သည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၊ နိုင်ငံခြားရေးဝန်ကြီး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ် စီမံကိန်း တစ်ခုကိုလည်း လေ့လာ
ခဲ့ကာ ကျိုတို တက္ကသိုလ်၊ Ryukoku တက္ကသိုလ်နှင့် တိုကျိုတက္ကသိုလ်များ
တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဂျပန်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ
လွတ်မြောက်လာပြီးနောက် ဆဋ္ဌမမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃
 ခုနှစ်အတွက်မူ ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်က ၆ ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပ
 နိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံ
များသို့ သွားရောက်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ
 အောက်တိုဘာလ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် ပထမ ဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှ
 ဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန် ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီး
ယားနိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

eleven media groupဧပြီ ၁၂ ရက်မှ စ၍ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက် ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစု ကြည်သည် ဧပြီ ၁၉ ရက် ည ၇ နာရီခန့် တွင် မြန်မာနိုင် ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၆ နှစ် အထိ ဂျပန်နိုင် ငံ ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး
နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်သွားရောက် လည်ပတ်ခြင်းလည်း ဖြစ်သည်။ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၊ နိုင်ငံခြားရေး ၀န်ကြီး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကျိုတိုမြို့ရှိ အသေးစား ရေအားလျှပ်စစ် စီမံကိန်း တစ်ခုကိုလည်း လေ့လာခဲ့ကာ ကျိုတို တက္ကသိုလ်၊ Ryukoku တက္ကသိုလ်နှင့် တိုကျိုတက္ကသိုလ်များတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဂျပန်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက် ဆဋ္ဌ မမြော က် ပြည်ပခရီးစဉ်ဖြစ်ပြီး ၂၀၁၃ခုနှစ်အတွက်မူ ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေ ၂၉ ရက်က ၆ ရက်ကြာ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဥရောပနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ သွားရောက် ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှအောက်တိုဘာလ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကာ နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် ပထမ ဆုံး ပြည်ပခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၆ ရက်မှဖေဖော်ဝါရီ ၁ ရက်အထိ အမေရိကန် ဟာဝိုင်ယီကျွန်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့သည်။

eleven media group

No comments:

Post a Comment