Friday, April 05, 2013

ဘူးသီးတောင်မှ သံဃာတော်အား ကိုယ်ထိလက်ရောက် စော်ကားရာတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

 မတ်လ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့ ၊ ဓမ္မမဏ္ဍိုင်ကျောင်းမှ ဦးပညာ သီရိအား မူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှ ကိုယ်ထိ လက်ရောက် ပါးရိုက်ကာ စော်ကားရာတွင် ပြစ်မှု ကျူးလွန် သူ နှစ်ဦး အား ယနေ့တွင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ် လိုက်ကြောင်း ဘူးသီးတောင် တရားရုံးက ဆိုသည်။
အဆိုပါ ဘင်္ဂလီများ ကိုယ်ထိလက်ရောက် ကျူးလွန်သည်မှာ မှန် ကန်ကြောင်းကို တရားခံများ ထွက် ဆို ထားသဖြင့် တရားဥပဒေအရ ပုဒ်မ(၄၅၂)၊ သာသနာကို အကြည်ညိုပျက်စေမှု ပုဒ်မ (၂၉၅) တပ်ကာ ရဲ စွဲချက်တင်ခဲ့ကြောင်း မတ်လ (၂၉) ရက်နေ့က သိရှိခဲ့သည်။
သံဃာတော်အား ကိုယ်ထိလက်ရောက်စော်ကားသူများမှာ ပုဇွန်ချောင်းကျေးရွာမှ ကာမာလ်(၂၂) ဟာမတ် တူဆောင်း(၂၀)နှင့် အီနူးဆ်(၁၉)နှစ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ယနေ့တွင် တရားရုံး က ပြစ်ဒဏ် ချမှတ်ခံရသူနှစ်ဦးအား မည်သူဖြစ်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ 

 
Arakan Times

No comments:

Post a Comment