Monday, April 08, 2013

မြန်မာတိုးတက်ရင် ဒေသတွင်း တိုးတက်ရာရောက်လို့ သမ္မတပြော

Photo: မြန်မာတိုးတက်ရင် ဒေသတွင်း တိုးတက်ရာရောက်လို့ သမ္မတပြော
Monday, 08 April 2013

မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်သွယ်မှု
ပေးနိုင်ပြီး အချက်အခြာကျလှတဲ့ ဒေသမှာ တည်ရှိတဲ့အတွက် မြန်မာနိုင်ငံ
တိုးတက်လာမယ်ဆိုရင်ဒေသတွင်းတိုးတက်မှု ဖြစ်စေနိုင်တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။

ဗီဒီယို ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင်လုပ်ဖို့ ဂျုလီယာဂေးလဒ် တိုက်တွန်းတရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်မှာ ပြုလုပ်တဲ့ ဘိုအောင်းအစည်းအဝေး Boao Forum မှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကနေ ဒေသတွင်းမှာ စီးပွားရေးပူးပေါင်းမှုရှိလာဖို့ အဓိက လုပ်ဆောင်နေပြီး ဒီပူးပေါင်းမှုကနေ လျင်မြန်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ၊ အလုပ်အကိုင် အခွင့် အလမ်းတွေ ပွင့်လာပြီး ဒေသတွင်းက ရင်းနှီးမြုပ်နှံသူတွေနဲ့ နိုင်ငံတကာက ရင်းနှီးမြုပ်နှံ သူတွေအတွက် မျက်စိကျစရာ ဖြစ်အောင် အာဆီယံအသင်းက ကြိုးစား ဆောင်ရွက် နေကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

ကမ္ဘာတခွင်မှာ စိန်ခေါ်မှုတွေ များပြားနေပေမယ့် အာဆီယံ အသင်းဝင်နိုင်ငံတွေကတော့ အောင်မြင်စွာ လုပ်ဆောင်နိုင်မယ့်အကြောင်း အာဆီယံနိုင်ငံတွေအတွင်း အစားအစာ၊ စွမ်းအင်လုံလောက်မှု၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေး၊ စီးပွားရေးတိုးတက်မှုတွေကို မျှတအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အစွမ်းကုန် လုပ်ဆောင်နေပြီလို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

သမ္မတဦးသိန်းစိန် တက်ရောက်နေတဲ့ ဘိုအောင်းအစည်းအဝေးမှာ အိမ်ရှင်ဖြစ်တဲ့ တရုတ်သမ္မတအပြင် သြစတြေးလျ၊ နယူးဇီလန်၊ မွန်ဂိုးလီးယား၊ ပီယူး၊ မက္ကဆီကို၊ ဖင်လန်၊ ဇမ်ဘီယား အစရှိတဲ့
 နိုင်ငံ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

ဒီစီးပွားရေးဆိုင်ရာ အစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင်ပင်းက အာရှဒေသနဲ့ ကမ္ဘာမှာ တည်ငြိမ် အေးချမ်းမှု ရှိဖို့ လိုအပ်နေပြီး တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းက တင်းမာမှုတွေကို ကောင်းမွန်စွာ
ချဉ်းကပ်ပြီး ဖြေရှင်းမှုတွေ လုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံတဲ့အခါ တရုတ်သမ္မတက တရုတ်နဲ့ သြစတြေးလျနှစ်နိုင်ငံ ဆက်ဆံရေးကို ဒိထက်ပိုမို ကောင်းမွန်စေ
လိုတဲ့အကြောင်း ပြောသွားတဲ့အတွက် တရုတ်နဲ့ သြစတြေးလျ ဆက်ဆံရေး ပိုမိုတိုးတက်လာဖို့ရှိပြီး ကုန်သွယ်ရေးဆိုင်ရာမှာလည်း ပိုမိုပူးပေါင်းမှုရှိလာ
မယ်လို့ ယုံကြည်ကြောင်း သြစတြေးလျဝန်ကြီးချုပ် ဂျုလီယာဂေးလဒ်က
 ပြောပါတယ်။

အဲဒါ့အပြင် ဒေသတွင်း လုံခြုံရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပြီး ဒီတွေ့ဆုံ
မှုအပေါ် အကောင်းရှုမြင်တယ်လို့ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ် ဆိုပါတယ်။

တရုတ်နိုင်ငံ သမ္မတက ကိုးရီးယားကျွန်းဆွယ်အတွင်း ပဋိပက္ခဖြစ်တာကို မမြင်လိုတဲ့အကြောင်း ပြောခဲ့တယ်လို့လည်း သြစတြေးလျဝန်ကြီးချုပ်က
 ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဖိနှိပ်မှုခံနေရတဲ့ တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ဖိအားပေးမယ်လို့ ဂျူလီယာဂေးလဒ်က ကတိပေးခဲ့ပေမယ့် တရုတ်သမ္မတနဲ့ တွေ့ဆုံမှုအတွင်း ဖိအားပေးမှုလုပ်ခဲ့
တယ်။ မလုပ်ခဲ့ဘူးဆိုတာတော့ မသိရသေးပါဘူး။

နိုင်ငံ့ခေါင်းဆောင်တချို့ တက်ရောက်နေတဲ့ ဘိုအောင်းအစည်းအဝေးက ဒီကနေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ABC Radio Australiaမြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်သွယ် မှု ပေးနိုင်ပြီး အချက်အခြာကျလှတဲ့ ဒေသမှာ တည်ရှိတဲ့ အ တွက် မြန် မာနိုင်ငံ တိုးတက်လာမယ်ဆိုရင်ဒေသ တွင်းတိုး တက် မှု ဖြစ်စေနိုင် တယ်လို့ သမ္မတဦးသိန်းစိန် က ပြောလိုက် ပါတယ်။
ဗီဒီယို ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိအောင်လုပ်ဖို့ ဂျုလီယာဂေး လဒ် တိုက်တွန်းတရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်မှာ ပြုလုပ်တဲ့ ဘိုအောင်းအစည်းအဝေး Boao Forum မှာ ပြောသွားခဲ့တာဖြစ်ပါတယ်။ အရှေ့တောင် အာရှနိုင်ငံ များအသင်း အာဆီယံကနေ ဒေသတွင်းမှာ စီးပွားရေးပူးပေါင်းမှုရှိလာဖို့ အဓိက လုပ်ဆောင်နေပြီး ဒီပူးပေါင်းမှုကနေ လျင်မြန်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ၊ အလုပ်အကိုင် အခွင့် အလမ်းတွေ ပွင့်လာ ပြီး ဒေသ တွင်းက ရင်းနှီးမြုပ်နှံသူတွေနဲ့ နိုင်ငံတကာက ရင်းနှီးမြုပ်နှံ သူတွေအတွက် မျက်စိကျစရာ ဖြစ်အောင် အာဆီယံအသင်းက ကြိုးစား ဆောင်ရွက် နေကြကြောင်းလည်း ရှင်းပြခဲ့ပါတယ်။
ကမ္ဘာတခွင်မှာ စိန်ခေါ်မှုတွေ များပြားနေပေမယ့် အာဆီယံ အသင်းဝင်နိုင်ငံတွေကတော့ အောင်မြင်စွာ လုပ်ဆောင်နိုင်မယ့်အကြောင်း အာဆီယံနိုင်ငံတွေအတွင်း အစားအစာ၊ စွမ်းအင်လုံလောက်မှု၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေး၊ စီးပွားရေးတိုးတက်မှုတွေကို မျှတအောင် ဆက်လက်လုပ်ဆောင် သွား မှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အစွမ်းကုန် လုပ်ဆောင်နေပြီလို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

သမ္မတဦးသိန်းစိန် တက်ရောက်နေတဲ့ ဘိုအောင်းအစည်းအဝေးမှာ အိမ်ရှင်ဖြစ်တဲ့ တရုတ်သမ္မတအပြင် သြစတြေးလျ၊ နယူးဇီလန်၊ မွန်ဂိုးလီးယား၊ ပီယူး၊ မက္ကဆီကို၊ ဖင်လန်၊ ဇမ်ဘီယား အစရှိတဲ့
နိုင်ငံ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

ဒီစီးပွားရေးဆိုင်ရာ အစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင်ပင်းက အာရှဒေသနဲ့ ကမ္ဘာမှာ တည်ငြိမ် အေးချမ်းမှု ရှိဖို့ လိုအပ်နေပြီး တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းက တင်းမာမှုတွေကို ကောင်းမွန်စွာ
ချဉ်းကပ်ပြီး ဖြေရှင်းမှုတွေ လုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံတဲ့အခါ တရုတ်သမ္မတက တရုတ်နဲ့ သြစတြေးလျနှစ်နိုင်ငံ ဆက်ဆံရေးကို ဒိထက်ပိုမို ကောင်းမွန်စေလိုတဲ့အကြောင်း ပြောသွားတဲ့အတွက် တရုတ်နဲ့ သြစတြေးလျ ဆက်ဆံရေး ပိုမိုတိုးတက်လာဖို့ရှိပြီး ကုန်သွယ်ရေးဆိုင်ရာမှာလည်း ပိုမိုပူးပေါင်းမှုရှိလာမယ်လို့ ယုံကြည်ကြောင်း သြစတြေးလျဝန်ကြီးချုပ် ဂျုလီယာဂေးလဒ်ကပြောပါတယ်။

အဲဒါ့အပြင် ဒေသတွင်း လုံခြုံရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပြီး ဒီတွေ့ဆုံမှုအပေါ် အကောင်း ရှုမြင်တယ်လို့ ဝန်ကြီးချုပ် ဂျူလီယာဂေးလဒ် ဆိုပါတယ်။ တရုတ်နိုင်ငံ သမ္မတက ကိုးရီးယား ကျွန်းဆွယ် အတွင်း ပဋိပက္ခဖြစ်တာကို မမြင်လိုတဲ့အကြောင်း ပြောခဲ့တယ်လို့လည်း သြစတြေးလျဝန်ကြီးချုပ်က
ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဖိနှိပ်မှုခံနေရတဲ့ တိဘက်လူမျိုးတွေရဲ့ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ဖိအားပေးမယ်လို့ ဂျူလီယာဂေးလဒ်က ကတိပေးခဲ့ပေမယ့် တရုတ်သမ္မတနဲ့ တွေ့ဆုံမှုအတွင်း ဖိအားပေးမှုလုပ်ခဲ့တယ်။ မလုပ်ခဲ့ဘူးဆိုတာတော့ မသိရသေးပါဘူး။ နိုင်ငံ့ခေါင်းဆောင်တချို့ တက်ရော က်နေတဲ့ ဘိုအောင်းအစည်းအဝေးက ဒီကနေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment