Wednesday, March 13, 2013

ဒဂုံမြို့သစ် (တောင်ပိုင်း)၌ လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁ဝ၇) ရပ်ကွက် ဧရာမင်း(၈) လမ်းနှင့် ဧရာမင်း (၇)လမ်း လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၉ ရက် နံနက် ၉ နာရီကကျင်းပ ခဲ့ရာ ရွာဦးဓန သိဒ္ဓိကျောင်း၊ ဗောဓိမဏ္ဍိုင်ကျောင်း၊ သထုံမွန် ကျောင်းတို့မှ ဆရာတော် သံဃာတော်များ၊ ဒဂုံအဖျော် ယမကာ ကုမ္ပဏီ လီမိတက်မှ ဝန်ထမ်း များ၊ မြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့် ဟာသ သရုပ်ဆောင် ခင်လှိုင်၊ ဒိန်းဒေါင်
တို့ တက်ရောက်ခဲ့သည်။ရှေးဦးစွာ အခမ်းအနားကို ဒဂုံအဖျော် ယမကာ ကုမ္ပဏီ လီမိတက် လက်ထောက် အထွေထွေ မန်နေဂျာ ဦးစိုးကျော်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ (၁ဝ၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၊ လမ်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးချက်တို့က လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ ဆက်လက်၍ ရွာဦး ဓနသိဒ္ဓိ ကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသက လမ်းကမ္ပည်း မော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ကာ ရေစက်ချ အခမ်းအနားနှင့် ဗုဒ္ဓ ပူဇနိယ ပွဲတော် ဖွင့်ပွဲကို ပြုလုပ်ပြီး ဧည့်ပရိသတ် များအား ဒဂုံ မုယောစပါး အားဖြည့် အချိုရည် သံဘူးများ  ဒါနပြု ဝေငှကာ အခမ်းအနားကို နံနက် ၁၁ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါ လမ်းသည် လမ်းအကျယ် ၁၂ ပေ၊ အရှည်ပေ ၈ဝဝ နှင့် အရှည်ပေ ၃၂ဝ ကွန်ကရစ် လမ်းပိုင်းများ ဖြစ်ပြီး လမ်းဖြစ်မြောက်ရေး အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်တွင် ဒဂုံအဖျော် ယမကာ ကုမ္ပဏီ လီမိတက်၏ ပံ့ပိုး ကူညီမှုဖြင့် တေးဂီတ ဖျော်ဖြေပွဲ ကျင်းပကာ ရန်ပုံငွေများ ရှာဖွေခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် ဟာသ သရုပ်ဆောင် ခင်လှိုင်၊ ဒိန်းဒေါင် အပါအဝင် ရုပ်ရှင်၊ ဂီတ အနုပညာရှင် မောင်နှမ များက လုပ်အား ဒါနဖြင့်  ပါဝင် တင်ဆက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment