သင်္ကြန်အပြီး လွှတ်တော် အစည်းအဝေးပြန်စလျှင် မီဒီယာ ဥပဒေကြမ်း အပြီးသတ်ကို ပြည်သူ့လွှတ်တော် သို့ တင်ပြသွားမည် ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။ မီဒီယာဥပဒေကြမ်းကိုသင်္ကြန်မရောက်မီကာလမတ်လ၂၄ရက်နေ့တွင်အချောသတ် ရေးဆွဲမည်ဖြစ်ကြောင်း၊ အချောသတ်ထွက်ရှိလာမည့် ဥပဒေကြမ်းသည် မီဒီယာသမားများ၏အခွင့်အရေးနှင့် တာဝန်သိမှုများပါဝင် ရန် ထည့်သွင်းဖော်ပြထားကြောင်း၊ ဥပဒေဆိုသည်မှာ ကာကွယ်ပေးရန်တစ်ခုတည်းမဟုတ်ဘဲ၊ တာဝန်နှင့် အခွင့်အရေးနှစ်ခုတွဲပါကြောင်း၊
ထိုသဘောကိုနားလည်ရန်လိုကြောင်း၊ သတင်းသမားများအား တာဝန်ပေး ရန်နှင့်
တာဝန်ထမ်းရန်လည်းပါကြောင်း၊ ဥပဒေကိုချိုးဖောက်လျှင်ပေးမည့်ပြစ်ဒဏ်လည်း
ပါကောင်း ပါနိုင်မည်ဖြစ်ကြောင်း၊ဥပဒေမူကြမ်းကို လွှတ်တော်ရေးရာတာဝန်ရှိသူများ၊ ဥပဒေအရာရှိများနှင့် တိုင်ပင်ပြီး မှ အချောသတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေမူကြမ်း၏ အခန်းတိုင်းတွင်ဝေါဟာရများ စကားလုံးများ အား ပြင်ဆင်မှုပြုလုပ်ထားကြောင်း သိရသည်။မီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့တင်မည့်အချိန်နှင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေမည့်အချိန်သည် နီးကပ်နေရာ မီဒီယာဥပဒေထွက်ပြီးမှ သတင်းစာ ထုတ်ဝေခြင်းက ပိုမိုကောင်း မွန်မည်ထင်ကြောင်း မီဒီယာ သမားများက ပြောဆိုနေကြကြောင်း သိရသည်။
No comments:
Post a Comment