Wednesday, February 13, 2013

ကလေး၊ တမူး၊ ချင်းတောင်ဘက်မှ မူးယစ်ဆေးဝါးကိစ္စ

Photo: ကလေး၊ တမူး၊ ချင်းတောင်ဘက်မှ မူးယစ်ဆေးဝါးကိစ္စ
Tuesday, February 12, 2013

ကလေး၊ချင်းတောင်၊တမူး  ဒေသတွင် ယခုရက်ပိုင်းမူးယစ် 
ဆေးဝါးများသိန်းပေါင်းထောင်ချီ  သောင်းချီဖမ်းမိနေသည်။

ကလေး  ဒေသခံတစ်ဦးအဆိုအရကလေး၊ တမူးဒေသတွင် ရုတ်တရက်
ချမ်းသာကြီးပွားလာပါက လိုင်းကောင်း ကောင်းမိထားသူဟုဆိုကြသည်။

အရပ်ထဲမှာတော့ တိုးတိုးတိတ်တိတ်ဘာပစ္စည်းလုပ်သည်ကို သိကြ
သည်ချည်းဖြစ်သည်။ ကလေး ဒေသတွင်တော့ အချို့ကနှစ်ခေါက်   သုံးခေါက်တိုက်တည်ကားဝယ်၊ လုပ်ငန်းလိုင်းပြောင်းနိုင်လျှင်ပင် ဘရိတ်အုပ်ရပ်တန်းကရပ်ကြသည်။     

အနေအထားတစ်ခုတွင်၊ငြိမ်နေကြသူများလည်းရှိသလို၊အချို့ကတော့ 
လောဘမသတ်နိုင်တော့ပဲ အ ခေါက်ခေါက်အခါလုပ်ကိုင်နေကြ သည်။

အချို့ကလည်း ခွင်လိုင်း အကြောကိုအကောင်းကောင်းသိသွားသည့်အခါ
မြက်မြက်ကလေး စားရမည့်အခါတိုင်းထလုပ်နေကြသည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ကလေးမြို့ရှစ်လေးလုံးအင်အားစု၊     အထက်ချင်းတွင်း လူငယ်ကွန် ယက်နှင့်စစ်ကိုင်းတိုင်းဒေသကြီး   လွှတ်တော်ကိုယ်စားလှယ်တို့တွေ့ ဆုံခဲ့ကြသည်။ထိုတွေ့ဆုံပွဲတွင် အထက်ချင်းတွင်းလူငယ်အဖွဲ့ကို ကျော်သက်ဝင်းနှင့်ကလေးဒေသ    မူးယစ်ဆေးဝါးနှင့်လူငယ်များကိစ္စကို တင်ပြဆွေးနွေးခဲ့သည်။

““ကျွန်တော်တို့ကလေးမြို့ပေါ် မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု   ကြီးထွားလာတယ်လို့သတင်းရပါ တယ်။အထူးသဖြင့် ညပိုင်းမှာ 
မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ လက်ဖက်ရည်ဆိုင်တွေကို ဆုံရပ်ထားပြီး  အရောင်းအ၀ယ်လုပ်ကြတယ်၊ အရောင်းအ၀ယ်လုပ်ရာမှာလည်း    လက်ဖက်ရည်ဆိုင်မှာ ငွေယူတယ်၊  မူးယစ်ဆေးကိုတော့ ဘယ်မှာသွား   ယူဆိုတာမျိုးလုပ်ပါတယ်။ကလေး  မြို့ပေါ်မှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးကိစ္စ၀ိုင်းဝန်းထိန်း သိမ်းဖို့လိုအပ်နေပါတယ်””ဟု တင်ပြဆွေးနွေးခဲ့သည်။

ကလေးဒေသတွင် ယခင် အခါက ချင်းတောင်ပေါ်မှဘိန်း   မဲထွက်သည်၊တမူးနယ်စပ်က ဘိန်း ချွတ်ဆေးအက်ဆစ်တွေလာသည်၊    ကလေးမြို့သည် ဘိန်းဖြူအလွယ်  ၀ယ်ရသည့်ဒေသဖြစ်ခဲ့ဖူးသည်။ 

ယခင်က ကလေးမြို့ဥပုသ်ချောင်း ဘေးဆိုလျှင် ဘိန်းရောင်းသည့်ဆိုင်  များတန်းစီရှိခဲ့ဖူးသည်။ဓာတ်ဆီ ရှူသည့်အဖွဲ့ရှိသည်။ ဆေးခြောက်    ရှူသည့်အဖွဲ့ရှိသည်၊ဘိန်းဖြူကြောင့်  ဘ၀ပျက်ရသူ၊ဘိန်းဖြူကြောင့် ချမ်းသာသူ၊ဘိန်းဖြူကိုရေနှင့်ဖျော်     အကြောထဲကိုထိုးသွင်းသူ၊
ရှော့ ဖြစ်သေဆုံးသူ၊ကလေးမြို့တွင်အများ  အပြားရှိသည်၊
မော်ဖိန်း၊မီးလျှံဖိုက်လို   ဆေးမျိုးတွေ ကလေးမြို့တွင် ဟို အရင်က အလွန်ပေါသည်။

ဖင်စီ ဒိုင်းကတော့ ပုလင်းအကြီးအသေးကြိုက်သလောက်ကြိုက်ရာရနိုင် ခဲ့သည့် ကလေးမြို့ဖြစ်သည် ယခု  ကလေးမြို့တွင် ဆေးပြားခေတ်  ထနေသည်။ ဟိုက်ဝေးကားသမား လောကတွင်မအိပ်ချင်ဆေးဟု နာမည်ကြီးသည်၊ ထိုဆေးကိုသုံးစွဲ ထားသော လူငယ်များပြောရဲဆိုရဲ
အော်ရဲဟစ်ရဲ၊ထိုးရဲ၊ကြိတ်ရဲဆိုတာ မျိုးတွေဖြစ်နေသည်၊အဆိုးဆုံးမှာ 
ဆေးပြားနှင့်အရက်တွဲလာသည့် လူငယ်များ ကလေးမြို့ညအချိန်  မှာတွေ့နေရသည်။ကလေးမြို့၊ တမူး၊ချင်းတောင်ဆေးပြားဝင်္ကပါ    ကိုတားဆီးရန်လိုနေသည်။

ကောင်းမြတ်သူ(ကလေး)
The Hot Newsကလေး၊ချင်းတောင်၊တမူး ဒေသတွင် ယခုရက်ပိုင်းမူးယစ် ဆေးဝါး များသိန်းပေါင်းထောင်ချီ သောင်းချီဖမ်းမိနေသည်။
ကလေး ဒေသခံတစ်ဦးအဆိုအရကလေး၊ တမူးဒေသတွင် ရုတ် တရက်ချမ်းသာကြီးပွားလာပါကလိုင်းကောင်း ကောင်းမိ ထားသူဟု ဆိုကြသည်။ အရပ်ထဲမှာတော့ တိုးတိုးတိတ်တိတ် ဘာပစ္စည်းလုပ် သည်ကို သိကြသည်ချည်းဖြစ်သည်။ ကလေး ဒေသတွင်တော့ အချို့ကနှစ်ခေါက် သုံးခေါက်တိုက်တည်ကားဝယ်၊ လုပ်ငန်း လိုင်းပြောင်းနိုင်လျှင်ပင် ဘရိတ်အုပ်ရပ်တန်းကရပ်ကြသည်။
အနေအထားတစ်ခုတွင်၊ငြိမ်နေကြသူများလည်းရှိသလို၊အချို့ကတော့လာဘမသတ်နိုင်တော့ပဲအ ခေါက်ခေါက်အခါလုပ်ကိုင်နေကြ သည်။ အချို့ကလည်း ခွင်လိုင်း အကြောကို အကောင်းကောင်း သိသွားသည့်အခါမြက်မြက်ကလေး စားရမည့်အခါတိုင်းထလုပ်နေကြသည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ကလေးမြို့ရှစ်လေးလုံးအင်အားစု၊ အထက်ချင်းတွင်း လူငယ်ကွန် ယက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့တွေ့ ဆုံခဲ့ကြသည်။ထိုတွေ့ဆုံပွဲတွင် အထက်ချင်းတွင်း လူငယ်အဖွဲ့ကို ကျော်သက်ဝင်းနှင့်ကလေးဒေသ မူးယစ်ဆေးဝါးနှင့်လူငယ်များကိစ္စကို တင်ပြဆွေးနွေး ခဲ့သည်။““ကျွန်တော်တို့ကလေးမြို့ပေါ် မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု ကြီးထွားလာတယ်လို့သတင်းရပါ တယ်။အထူးသဖြင့် ညပိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ လက်ဖက်ရည်ဆိုင်တွေကို ဆုံရပ်ထားပြီး အရောင်းအ၀ယ်လုပ်ကြတယ်၊ အရောင်းအ၀ယ်လုပ်ရာမှာလည်း လက်ဖက်ရည်ဆိုင်မှာ ငွေယူတယ်၊ မူးယစ်ဆေးကိုတော့ ဘယ်မှာသွား ယူဆိုတာမျိုးလုပ်ပါတယ်။ကလေး မြို့ပေါ်မှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးကိစ္စ၀ိုင်းဝန်းထိန်း သိမ်းဖို့လိုအပ်နေပါတယ်””ဟု တင်ပြဆွေးနွေးခဲ့သည်။

ကလေးဒေသတွင် ယခင် အခါက ချင်းတောင်ပေါ်မှဘိန်း မဲထွက်သည်၊တမူးနယ်စပ်က ဘိန်း ချွတ်ဆေးအက် ဆစ်တွေလာသည်၊ ကလေးမြို့သည် ဘိန်းဖြူအလွယ် ၀ယ်ရသည့်ဒေသဖြစ်ခဲ့ဖူးသည်။

ယခင်က ကလေးမြို့ဥပုသ်ချောင်း ဘေးဆိုလျှင် ဘိန်းရောင်းသည့်ဆိုင် များတန်းစီရှိခဲ့ဖူးသည်။ဓာတ်ဆီ ရှူသည့်အဖွဲ့ရှိသည်။ ဆေးခြောက် ရှူသည့်အဖွဲ့ရှိသည်၊ဘိန်းဖြူကြောင့် ဘ၀ပျက်ရသူ၊ဘိန်းဖြူကြောင့် ချမ်းသာသူ၊ဘိန်းဖြူကိုရေနှင့်ဖျော် အကြောထဲကိုထိုးသွင်းသူ၊ရှော့ ဖြစ်သေဆုံးသူ၊ကလေးမြို့တွင်အများ အပြားရှိသည်၊မော်ဖိန်း၊မီးလျှံဖိုက်လို ဆေးမျိုးတွေ ကလေးမြို့တွင် ဟို အရင်က အလွန်ပေါသည်။
ဖင်စီ ဒိုင်းကတော့ ပုလင်းအကြီးအသေးကြိုက်သလောက်ကြိုက်ရာရနိုင် ခဲ့သည့် ကလေးမြို့ဖြစ်သည် ယခု ကလေးမြို့တွင် ဆေးပြားခေတ် ထနေသည်။ ဟိုက်ဝေးကားသမား လောကတွင်မအိပ်ချင်ဆေးဟု နာမည်ကြီးသည်၊ ထိုဆေးကိုသုံးစွဲ ထားသော လူငယ်များပြောရဲဆိုရဲအော်ရဲဟစ်ရဲ၊ထိုးရဲ၊ကြိတ်ရဲဆိုတာ မျိုးတွေဖြစ်နေသည်၊အဆိုးဆုံးမှာ ဆေးပြားနှင့်အရက်တွဲလာသည့် လူငယ်များ ကလေးမြို့ညအချိန် မှာတွေ့နေရသည်။ကလေးမြို့၊ တမူး၊ချင်းတောင်ဆေးပြားဝင်္ကပါ ကိုတားဆီးရန်လိုနေသည်။

ကောင်းမြတ်သူ(ကလေး)
The Hot News

No comments:

Post a Comment