Thursday, February 28, 2013

ရှေးဟောင်း သိမ်တော်ကြီး ဒေသခံ အဆက်ဆက်တို့ ထိန်းသိမ်းထား



လက်ရာ သေသပ် ကောင်းမွန်ပြီး ထူးခြားလှပသည့် ရှေးဟောင်း သိမ်တစ်ခုကို ပဲခူး တိုင်း ဒေသ ကြီး ရေတာရှည် မြို့နယ် ပိတောက်ကုန်း ကျေးရွာအုပ်စု ကျွန်းကုန်း ကျေးရွာ တွင် တွေ့ရှိခဲ့သည်။
အဆိုပါ သိမ်ကြီး၏ ခုနှစ်သက္ကရာဇ် အတိအကျ မရှိသော်လည်း ရှေးအစဉ် အဆက် သိမီသူများ၏ လက်ဆင့် ကမ်း ပြောပြချက်များ အရ နှစ်ပေါင်း တစ်ရာကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း ရာကျော် ရှိခဲ့သည့် သမိုင်းဝင် မယ်ဒက်ကယ် ဘုရားကြီး ဖြစ်ပေါ်လာသည့် အကြောင်း အရာနှင့် ဆက်စပ်နေသော ပိတောက် ကုန်း၊ ကျွန်းကုန်းနှင့် ကျေးရွာ အများ အပြားတွင် ရှေးဟောင်း စေတီ ပုထိုး၊ သာသနိက အဆောက်အအုံ များစွာ ယနေ့ထက်တိုင် မြင်တွေ့ နေရဆဲ ဖြစ်သည်။
ယခု တွေ့ရှိရသည့် ရှေးဟောင်း သိမ်တော်ကြီးကို ဆရာတော်ကြီးများ အဆက်ဆက် ကျေးရွာ သူ၊ ကျေးရွာသားများက ကြိုးပမ်း ထိန်းသိမ်း ခဲ့ကြ၍ ရှေးလက်ရာအဖြစ် လေ့လာ တွေ့ ရှိနိုင်ြ ခ င်း  ဖြစ်ကြောင်း ကျွန်းကုန်း ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

http://bit.ly/13itFYD

No comments:

Post a Comment