Monday, February 04, 2013

ဖိလစ်ပိုင်နှင့် ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ် စတင်~ကစားသမားများကို အပြည့်အ၀ မလေ့လာ နိုင်ခဲ့၍ ပတ်ဆောင်ဟွာ မကျေနပ်


Photo: ဖိလစ်ပိုင်နှင့် ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ် စတင်~ကစားသမားများကို အပြည့်အ၀ မလေ့လာ နိုင်ခဲ့၍ ပတ်ဆောင်ဟွာ မကျေနပ် 
Sunday, 03 February 2013

ဖေဖော်ဝါရီလ (၆)ရက်တွင် ယှဉ်ပြိုင် ကစားမည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဖိလစ်ပိုင် လက်ရွေးစင် အသင်းတို့၏ ခြေစမ်းပွဲအတွက် မြန်မာ့ လက်ရွေးစင် အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ရာ ဖေဖော်ဝါရီ (၁)ရက်နေ့ ညနေတွင် ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်ကို စတင်ခဲ့ပြုလုပ်ခဲ့သည်။

လေ့ကျင့်ရေးကွင်း (၁)တွင် ပြုလုပ်သည့် အဆိုပါ လေ့ကျင့်ခန်း အစီအစဉ်တွင် လက်ရှိ ရွေးချယ်ထားသည့် ကစားသမား (၂၆)ဦးလုံး ပါဝင်ခဲ့ပြီး အပေါ့စား လေ့ကျင့်ခန်းများ ကိုသာပြုလုပ်ခဲ့သည်။ 

အဆိုပါ လေ့ကျင့်ခန်း အစီအစဉ်သည် နိုဝင်ဘာလ အတွင်း ယှဉ်ပြိုင်ခဲ့ရသည့် ဆူဇူကီးဖလား ပြိုင်ပွဲအပြီး ပထမဆုံး ပြန်လည်
ပြုလုပ်သည့် မြန်မာ့ လက်ရွေးစင် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်
ဖြစ်ပြီး (၂)လကြာ အနားပေးပြီးနောက် ပထမဆုံး ပြန်လည် တွေ့ဆုံရသည့်
လေ့ကျင့်ခန်း အစီအစဉ်တွင် ကစားသမားများ၏ အခြေအနေကို မလေ့လာနိုင်ခဲ့ကြောင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဖွင့်ဟခဲ့သည်။

"လေ့ကျင့်ခန်း အစီအစဉ်က (၄)နာရီမှာ စမလို့ပဲ။ ဒါပေမဲ့ လူကြီးက စကားပြောတာနဲ့ အမှောင်စောတာနဲ့ ဆိုတော့ ဘာမှ သိပ်မလုပ်လိုက်ရတော့ ကစားသမား တစ်ဦးခြင်းကို သေချာ လေ့လာခွင့် မရလိုက်ဘူး"ဟု
မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဖွင့်ဟခဲ့သည်။ သို့သော် ပတ်က မိမိအားထားနေရသည့် ကစားသမား အများစုသည် လက်ရှိတွင် ဆိုင်ရာ အသင်းများ၌ အကောင်းဆုံး ပုံစံ ရှိမနေသည်ကို သိရှိကြောင်း ဆိုခဲ့သည်။

မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာသည် ဖိလစ်ပိုင်နှင့် ခြေစမ်းပွဲ အတွက် ကစားသမား (၂၅)ဦးကို ရွေးချယ်ခဲ့ပြီးမှ ကမ္ဘောဇ အသင်း၏ ဘယ်နောက်ခံလူ ဉာဏလွင်ကို ထပ်မံ ပေါင်းထည့်ကာ ကစားသမား (၂၆)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ အဆိုပါ လူစာရင်းတွင် ကစားသမားသစ် (၃)ဦးကို ထည့်သွင်း ရွေးချယ်ခဲ့ရာ ထိုသို့ ရွေးချယ်ခြင်းမှာ ကစားသမား
ကောင်း ရှားပါးနေသည့် မြန်မာ့ ဘောလုံး အတွက် ကစားသမား သစ်များ ပေါ်ထွက်လာစေလို၍ ဖြစ်ကြောင်း ပတ်က ဖွင့်ဟခဲ့သည်။ 

ပတ်ဆောင်ဟွာသည် ယခုနှစ် အတွင်း ကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်
လည်း မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ကိုင်တွယ်ရမည် ဖြစ်ရာ ကစားသမား ရွေးချယ်ရာတွင် အသက် ကန့်သတ်ချက် ပြည့်မှီနိုင်မည့် သူများကိုသာ ထည့်သွင်း စဉ်းစားကြောင်း ဆိုခဲ့သည်။ ထို့အပြင် လာမည့် ခြေစမ်းပွဲများတွင်လည်း လူငယ်များကို အဓိက သုံးစွဲသွားမည် ဖြစ်ကြောင်း ပတ်ဆောင်ဟွာက ဖွင့်ဟခဲ့သည်။

Soccer Myanmarဖေဖော်ဝါရီလ (၆)ရက်တွင် ယှဉ်ပြိုင် ကစားမည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဖိလစ်ပိုင် လက်ရွေးစင် အသင်း တို့၏ ခြေစမ်းပွဲ အတွက် မြန်မာ့ လက်ရွေးစင် အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ ရာ ဖေဖော်ဝါရီ (၁)ရက်နေ့ ညနေတွင် ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်ကို စတင်ခဲ့ပြုလုပ်ခဲ့သည်။

လေ့ကျင့်ရေးကွင်း (၁)တွင် ပြုလုပ်သည့် အဆိုပါ လေ့ကျင့်ခန်း အစီအစဉ်တွင် လက်ရှိ ရွေးချယ်ထားသည့် ကစားသမား (၂၆)ဦးလုံး

ပါဝင်ခဲ့ပြီး အပေါ့စား လေ့ကျင့်ခန်းများ ကိုသာပြုလုပ်ခဲ့သည်။ အဆိုပါ လေ့ကျင့်ခန်း အစီအစဉ်သည် နိုဝင်ဘာလ အတွင်း ယှဉ်ပြိုင်ခဲ့ရသည့် ဆူဇူကီးဖလား ပြိုင်ပွဲအပြီး ပထမဆုံး ပြန်လည်
ပြုလုပ်သည့် မြန်မာ့ လက်ရွေးစင် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်
ဖြစ်ပြီး (၂)လကြာ အနားပေးပြီးနောက် ပထမဆုံး ပြန်လည် တွေ့ဆုံရသည့်
လေ့ကျင့်ခန်း အစီအစဉ်တွင် ကစားသမားများ၏ အခြေအနေကို မလေ့လာနိုင်ခဲ့ကြောင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဖွင့်ဟခဲ့သည်။ "လေ့ကျင့်ခန်း အစီအစဉ်က (၄)နာရီမှာ စမလို့ပဲ။ ဒါပေမဲ့ လူကြီးက စကားပြောတာနဲ့ အမှောင်စောတာနဲ့ ဆိုတော့ ဘာမှ သိပ်မလုပ်လိုက်ရတော့ ကစားသမား တစ်ဦးခြင်းကို သေချာ လေ့လာခွင့် မရလိုက်ဘူး"ဟု
မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက ဖွင့်ဟခဲ့သည်။ သို့သော် ပတ်က မိမိအားထားနေရသည့် ကစားသမား အများစုသည် လက်ရှိတွင် ဆိုင်ရာ အသင်းများ၌ အကောင်းဆုံး ပုံစံ ရှိမနေသည်ကို သိရှိကြောင်း ဆိုခဲ့သည်။ မြန်မာအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာသည် ဖိလစ်ပိုင်နှင့် ခြေစမ်းပွဲ အတွက် ကစားသမား (၂၅)ဦးကို ရွေးချယ်ခဲ့ပြီးမှ ကမ္ဘောဇ အသင်း၏ ဘယ်နောက်ခံလူ ဉာဏလွင်ကို ထပ်မံ ပေါင်းထည့်ကာ ကစားသမား (၂၆)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ အဆိုပါ လူစာရင်းတွင် ကစားသမားသစ် (၃)ဦးကို ထည့်သွင်း ရွေးချယ်ခဲ့ရာ ထိုသို့ ရွေးချယ်ခြင်းမှာ ကစားသမား
ကောင်း ရှားပါးနေသည့် မြန်မာ့ ဘောလုံး အတွက် ကစားသမား သစ်များ ပေါ်ထွက်လာစေလို၍ ဖြစ်ကြောင်း ပတ်က ဖွင့်ဟခဲ့သည်။ ပတ်ဆောင်ဟွာသည် ယခုနှစ် အတွင်း ကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင်
လည်း မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ကိုင်တွယ်ရမည် ဖြစ်ရာ ကစားသမား ရွေးချယ်ရာတွင် အသက် ကန့်သတ်ချက် ပြည့်မှီနိုင်မည့် သူများကိုသာ ထည့်သွင်း စဉ်းစားကြောင်း ဆိုခဲ့သည်။ ထို့အပြင် လာမည့် ခြေစမ်းပွဲများတွင်လည်း လူငယ်များကို အဓိက သုံးစွဲသွားမည် ဖြစ်ကြောင်း ပတ်ဆောင်ဟွာက ဖွင့်ဟခဲ့သည်။

Soccer Myanmar

No comments:

Post a Comment