Friday, February 15, 2013

တောင်သူလယ်သမားဆေးရုံ တည်ဆောက်မယ့်မြေပေါ် ကုမ္ပဏီများ ကျူးကျော်



  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း ၁၇ ရပ်ကွက် ကွင်းအမှတ် ၄၅၄ ဦးပိုင်အမှတ် ၂၄/ဃ၊ ၂၄/င၊ ၂၄ တို့မှာရှိတဲ့ လယ်သမားဦးထွန်းရှိန်ပိုင် မြေဧက စုစုပေါင်း ၃၅ ဧကကို  အခုအခါ ရွှေဟိန်းထက်ကုမ္ပဏီ၊ ရွှေခတ်တိုးတက်ရေး ကုမ္ပဏီနဲ့ ကညန တို့ ပူးပေါင်းပြီး ခွဲဝေသိမ်းယူနေမှု ဖြစ်ပွားနေပါတယ်။ လယ်ကွက် သုံးကွက်ပေါင်း တဆက်တစပ်တည်း မြေဧက ၃၅ ဧကကို အခုလိုမျိုး ခွဲဝေသိမ်းယူနေရာမှာ နောက်ဆုံး လက်ကျန် ၁၇ ဧကကိုတော့ လယ်သမားကြီး ဦးထွန်းရှိန် က တောင်သူလယ်သမားဆေးရုံအဖြစ် မတည် ဆောက်လုပ်ဖို့ မြေနေရာကို လှူဒါန်းမယ်လို့ ပြောဆိုပြီးကာမှ အခုလို မြေယာ ပိုင်ဆိုင်မှု ပြဿနာ ဖြစ်ပေါ် လာတာလဲ ဖြစ်ပါတယ်။ အခုအခါ ရွှေဟိန်းထက်ကုမ္ပဏီမှ လယ်သမားကြီးဦးထွန်းရှိန်ပိုင် မြေယာတွေကို အိုးအိမ်ဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကုမ္ပဏီပိုင်ရှင် သူဌေးရဲ့ သမီးနှစ်ဦး နာမည်နဲ့ ပြောင်းလဲထားလိုက်တဲ့ အတွက် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှာ တရားမကြီးမှု အမှတ် ၁၂၂၆/၂၀၀၀ နဲ့ တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီလို တရား ရင်ဆိုင်နေတဲ့ အချိန်မှာပဲ ကုမ္ပဏီပိုင်ရှင်ဘက်က လယ်သမားပိုင် မြေယာပေါ် အတင်းအဓမ္မ အုတ်တံတိုင်းဝင်ခတ်ပြီး အဆိုပါမြေယာတွေက မြေကြီးတွေကို တူးဖော် ရောင်းစားမှုတွေ ပြုလုပ်နေပါတယ်။ အခုလိုဖြစ်ပျက်နေတဲ့အပေါ် လယ်ယာမြေစုံစမ်းရေးကော်မရှင်ထံ တင်ပြထားပေမဲ့ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် အခုလို အုတ်တံတိုင်းတွေ ကာရံနေတဲ့ အပေါ် လယ်သမားကြီးကတော့ သူပိုင်လယ်မြေပေါ်ကနေ ဖယ်ရှားမပေးဘူးလို့ ပြောဆိုနေပါတယ်။

No comments:

Post a Comment