Monday, February 11, 2013

ဒေါက်တာဆိတ်ဖွား၏ ဝေဖန်ချက်သည် ကော်မတီဖွဲ့စည်း စုံစမ်းရလောက်အောင် အရေးပါသည့် ကိစ္စမဟုတ်ဟု ကော်မတီအဖွဲ့ဝင်ပြော

Photo: ဒေါက်တာဆိတ်ဖွား၏ ဝေဖန်ချက်သည် ကော်မတီဖွဲ့စည်း စုံစမ်းရလောက်အောင် အရေးပါသည့် ကိစ္စမဟုတ်ဟု ကော်မတီအဖွဲ့ဝင်ပြော
Saturday, February 09, 2013

ဥပဒေအထက်တွင် လွှတ်တော်ရှိနေသော Above The Law
ခေါင်းစဉ်ပါ ဝေဖန်ချက်မှာ ကော်မတီဖွဲ့စည်း စုံစမ်းရလောက်အောင် အရေးပါသည့် ကိစ္စမဟုတ်ဟု ယင်းကော်မတီအဖွဲ့ဝင် ဦးလှဆွေ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) က ပြောသည်။

“ ဒီကော်မရှင်မှာ ကျွန်တော်ပါနေတယ်ပေမယ့် ရှာဖွေဖော်ထုတ်ဖို့
အတွက်တော့ ဆန္ဒမရှိဘူး။ ဒါကြီးကို ဘယ်သူရေးမှန်းမသိဘဲ သွားပြီး အရေးတယူလုပ်နေဖို့ မလိုဘူးဗျ။ ဒီထက်ဆိုးတဲ့ တိုက်ခက်မှုမျိုးတွေ ရှိခဲ့ဘူးတယ်လေဗျာ။ ဒီဝေဖန်ချက်ကို ပြည်သူထဲက ထွက်လာတဲ့ အသံတစ်သံအဖြစ် အသိအမှတ်ပြုထားလို့ ရတာပဲ။ ဒါမှမဟုတ် လစ်လျူရှုလိုက်လည်း ရတာပဲ။ ဆန္ဒမရှိပေမယ့် ရှာဆိုတော့လည်း
နောက်ကြောင်းလိုက်ပြီး ရှာရုံပေါ့။ ကော်ရိုးပုံထဲက အပ်ရှာသလိုလေဗျာ ” ဟု ဦးလှဆွေက အထက်ပါဝေဖန်ချက်အပေါ် ထားရှိသည့် သူ၏ အမြင်ကို ပြောဆိုဖွင့်ချသည်။

ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား၊ (Above The Law) ဟူသည့် ဝေဖန်ချက်သည် လွှတ်တော်၏ လုပ်ဆောင်ချက်များ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာတို့ကို စော်ကားထားခြင်းဖြစ်သဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်ဆေးပြီး အရေးယူ
ဆောင်ရွက်ပေးပါရန် ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် 
ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် ပြည်ထောင်စုလွှတ်တော် 
နာယကထံသို့ အရေးကြီး အဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်အများစု ထောက်ခံခဲ့သည်ကြောင့် အဆိုတင်သွင်းပြီး သုံးပတ်အကြာ ယခုလ ၇ ရက်နေ့တွင် အဖွဲ့ဝင် (၁၇) ဦးပါ
စုံစမ်းရေးကော်မရှင်တစ်ခုကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၈)၊ နည်းဥပဒေခွဲ (၃) (၁) တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအပေါ်
“ ကော်မရှင်မှာ နယ်ပယ်စုံက လူတွေ ပါလာတော့ သိပ်ကျေနပ်တာပေါ့။
ကော်မရှင်သက်တမ်း၊ ကော်မရှင် လုပ်ပိုင်ခွင့်၊ ကော်မရှင်တာဝန်အစ ရှိတဲ့ လုပ်ငန်း စဉ်တွေကိုလည်း အသေးစိပ် ဖော်ပြထားတယ်။ လွှတ်တော်မှာ ဘာတွေလုပ်နေလဲဆိုတဲ့ တကယ်အခြေအနေမှန်ကို ဒီကော်မရှင်က လူထုရှေ့ချပြလိမ့်မယ်။ လူထု အထင်အမြင်လွဲစေမယ့် ဝေဖန်ချက်တွေ
ဖြေရှင်းဖို့ ဒီကော်မရှင်လိုကိုလိုအပ်ပါတယ်။ ကော်မရှင်က ဖော်ထုတ်
အရေးယူပါလိမ့်မယ်။မလိုအပ်ဘူးလို့ မြင်သူတွေက အမြင်တစ်မျိုးနဲ့ ကြည့်တာဖြစ်တယ်။ ကော်မရှင်အနေနဲ့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင် ကိုကြည့်တာမဟုတ်ဘူး။ စိတ်လည်း မ၀င်စားဘူး။ ဝေဖန်ချက်ကြောင့် လွှတ်တော်ကို ဘယ်လောက်ထိခိုက်သွားလဲ။ ဒါကို လွှတ်တော်က ဘယ်လိုတုန့်ပြန်သလဲဆိုတာပဲ စိတ်ဝင်စားတယ်။ ဒီကလောင်ပျောက်သွား
နောက်တစ်ခု ပေါ်လာနိုင်တယ်။ ဒါပေမဲ့ နောက်ပေါ်လာမယ့် ကလောင်က လွှတ်တော်အပေါ် ဒီလိုအခြေအမြစ်မရှိတဲ့ ပစ်စလက်ခက်တွေ မရေးရဲတော့ဘူးပေါ့။ ကော်မရှင်ကို ဖွဲ့ပြီး စုံစမ်းစစ်ဆေးတဲ့၊ အရေးယူတာ အဲ့ဒီအချက်ကို လိုချင်တာ။ ကလောင်ရှင် ဘယ်သူလဲဆိုတာကို လိုချင်တာ မဟုတ်ဘူး ”ဟု ဒေါက်တာ စိုးရင်က ပေါ်ပြူလာနယူးစ်နှင့်တွေ့ဆုံစဉ်က
ပြောကြားခဲ့သည်။

ယင်းကော်မရှင်သည် လုပ်ငန်းတာဝန် ၅ ချက်၊ လုပ်ပိုင်ခွင့် ၅ ချက်တို့ဖြင့် စုံစမ်း၊ အကြံပြုရမည်ဖြစ်ပြီး စုံစမ်းတွေ့ရှိချက်ဖြင့် အကြံပြုချက် အစီရင်ခံစာကို ရေးသားပြုစုပြီးပါက နာယကမှတစ်ဆင့် ပြည်ထောင်စု
လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။ 

အစီရင်ခံစာ တင်သွင်းပြီးနောက် ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ညွှန်ကြားချက်များအတိုင်း တာဝန်ထမ်းဆာင်ပြီးမှသာလျှင်
ကော်မတီသက်တမ်း ကုန်ဆုံးမည်ဟုလည်း ထပ်လောင်းသိရသည်။

စွမ်းရဲထွဋ်
Popular Myanmar News Journalဥပဒေအထက်တွင် လွှတ်တော်ရှိနေသော Above The Law ခေါင်းစဉ် ပါ ဝေဖန်ချက်မှာ ကော်မတီဖွဲ့စည်း စုံစမ်းရလောက်အောင် အရေးပါ သည့် ကိစ္စမဟုတ်ဟု ယင်းကော်မတီအဖွဲ့ဝင် ဦးလှဆွေ မကွေးတိုင်းဒေ သကြီး မဲဆန္ဒနယ် အမှတ် (၁၂) က ပြောသည်။
“ ဒီကော်မရှင်မှာ ကျွန်တော်ပါနေတယ်ပေမယ့် ရှာဖွေဖော်ထုတ်ဖို့အ တွက်တော့ ဆန္ဒမရှိဘူး။ ဒါကြီးကို ဘယ်သူရေးမှန်းမသိဘဲ သွားပြီး အရေးတယူလုပ်နေဖို့ မလိုဘူးဗျ။ ဒီထက်ဆိုးတဲ့ တိုက်ခက်မှုမျိုးတွေ ရှိခဲ့ဘူးတယ်လေဗျာ။ ဒီဝေဖန်ချက်ကို ပြည်သူထဲက ထွက်လာတဲ့ အသံ တစ်သံအဖြစ် အသိအမှတ်ပြုထားလို့ ရတာပဲ။ ဒါမှမဟုတ် လစ်လျူရှုလိုက်လည်း ရတာပဲ။ ဆန္ဒမရှိပေမယ့် ရှာဆိုတော့လည်းနောက်ကြောင်းလိုက်ပြီး ရှာ ရုံပေါ့။ ကော်ရိုးပုံထဲက အပ်ရှာသလိုလေဗျာ ” ဟု ဦးလှဆွေက အထက်ပါဝေဖန်ချက်အပေါ် ထားရှိသည့် သူ၏ အမြင်ကို ပြောဆိုဖွင့်ချသည်။
ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား၊ (Above The Law) ဟူသည့် ဝေဖန်ချက်သည် လွှတ်တော်၏ လုပ်ဆောင်ချက်များ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ တို့ကို စော်ကား ထားခြင်းဖြစ်သဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်ဆေးပြီး အရေးယူဆောင် ရွက်ပေးပါရန် ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ အရေးကြီး အဆိုတစ်ရပ်အဖြစ် တင်သွင်း ခဲ့ခြင်း ဖြစ်သည်။
၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်အများစု ထောက်ခံခဲ့သည်ကြောင့် အဆိုတင်သွင်းပြီး သုံးပတ် အကြာ ယခုလ ၇ ရက်နေ့တွင် အဖွဲ့ဝင် (၁၇) ဦးပါစုံစမ်းရေးကော်မရှင်တစ်ခုကို ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ (၈)၊ နည်းဥပဒေခွဲ (၃) (၁) တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအပေါ်“ ကော်မရှင်မှာ နယ်ပယ်စုံက လူတွေ ပါလာတော့ သိပ်ကျေနပ်တာပေါ့။ကော်မရှင်သက်တမ်း၊ ကော်မရှင် လုပ်ပိုင်ခွင့်၊ ကော်မရှင်တာဝန်အစ ရှိတဲ့ လုပ်ငန်း စဉ်တွေကိုလည်း အသေးစိပ် ဖော်ပြထားတယ်။ လွှတ်တော်မှာ ဘာတွေလုပ်နေလဲဆိုတဲ့ တကယ်အခြေအနေမှန်ကို ဒီကော်မရှင်က လူထုရှေ့ချပြလိမ့်မယ်။ လူထု အထင်အမြင် လွဲစေ မယ့် ဝေဖန်ချက်တွေဖြေရှင်းဖို့ ဒီကော်မရှင်လိုကိုလိုအပ်ပါတယ်။ ကော်မရှင်က ဖော်ထုတ်အရေးယူပါ လိမ့်မယ်။မလိုအပ်ဘူးလို့ မြင်သူတွေက အမြင်တစ်မျိုးနဲ့ ကြည့်တာဖြစ် တယ်။ ကော်မရှင် အနေ နဲ့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင် ကိုကြည့်တာမဟုတ်ဘူး။ စိတ်လည်း မ၀င်စား ဘူး။ ဝေဖန်ချက်ေ ကြာင့် လွှတ်တော်ကို ဘယ်လောက်ထိခိုက်သွားလဲ။ ဒါကို လွှတ်တော်က ဘယ်လိုတုန့်ပြန်သလဲဆိုတာပဲ စိတ်ဝင်စားတယ်။ ဒီကလောင်ပျောက်သွားနောက်တစ်ခု ပေါ်လာနိုင်တယ်။ ဒါပေမဲ့ နောက်ပေါ်လာမယ့် ကလောင်က လွှတ်တော်အပေါ် ဒီလိုအခြေအမြစ်မရှိတဲ့ ပစ်စလက်ခက်တွေ မရေးရဲတော့ ဘူးပေါ့။ ကော်မ ရှင်ကို ဖွဲ့ပြီး စုံစမ်းစစ်ဆေးတဲ့၊ အရေးယူတာ အဲ့ဒီအချက်ကို လိုချင်တာ။ ကလောင်ရှင် ဘယ်သူလဲ ဆိုတာကို လိုချင်တာ မဟုတ်ဘူး ”ဟု ဒေါက်တာ စိုးရင်က ပေါ်ပြူလာ နယူးစ်နှ င့်တွေ့ဆုံ စဉ်ကပြော ကြားခဲ့သည်။

ယင်းကော်မရှင်သည် လုပ်ငန်းတာဝန် ၅ ချက်၊ လုပ်ပိုင်ခွင့် ၅ ချက်တို့ဖြင့် စုံစမ်း၊ အကြံပြုရမည်ဖြစ်ပြီး စုံစမ်းတွေ့ရှိချက်ဖြင့် အကြံပြုချက် အစီရင်ခံစာကို ရေးသားပြုစုပြီးပါက နာယကမှတစ်ဆင့် ပြည်ထောင်စု
လွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

အစီရင်ခံစာ တင်သွင်းပြီးနောက် ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ညွှန်ကြားချက်များအတိုင်း တာဝန် ထမ်းဆာင်ပြီးမှသာလျှင်ကော်မတီသက်တမ်း ကုန်ဆုံးမည်ဟုလည်း ထပ်လောင်းသိရသည်။

စွမ်းရဲထွဋ်
Popular Myanmar News Journal

No comments:

Post a Comment