Sunday, February 24, 2013

ပြည်ပ ရင်းနှီး မြှုပ်နှံမှု များကြောင့် နိုင်ငံသားများ ထိခိုက် နစ်နာမှုကို ကာကွယ် နိုင်ရန် မူဝါဒ (၄) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက် ရှိ


အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် ပါဝင်ပြီး လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက် အတိုင်း လိုက်ပါ ဆောင်ရွက်ရန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပိုမို အားပေး မြှင့်တင်ရန် လိုအပ်။ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်ရှိ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေးရုံး ကနောင် ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် များမှ စက်မှု လုပ်ငန်းရှင် များနှင့် တွေ့ဆုံသည်။
အခမ်း အနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယ ဝန်ကြီးများ၊ ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စက်မှုဇုန် များမှ စက်မှု လုပ်ငန်းရှင် များနှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်

No comments:

Post a Comment