Monday, February 11, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့အဖွဲ့ ကချင်ပြည်နယ်လူထုနဲ့ တွေ့ဆုံ

Photo: ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့အဖွဲ့ ကချင်ပြည်နယ်လူထုနဲ့ တွေ့ဆုံ
Saturday, February 09, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ခေါင်းဆောင်တဲ့ အမျိုးသား
လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု
ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးတွေဟာ ကချင်ပြည်နယ်ကို ဒီကနေ့ ရောက်ရှိ
လာပြီး ပူတာအိုခရိုင်နဲ့ မြစ်ကြီးနားခရိုင်အတွင်းက ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်လေ့လာ
တွေ့ဆုံခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းဟာ မြစ်ကြီးနား မြို့တော်ခန်းမမှာ ဒေသခံပြည်သူတွေ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းတွေ လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ့် အလားအလာကောင်းတွေ
ရှိနေပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ဒေသခံလူထုနဲ့
တွေဆုံချိန်မှာ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ လိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း စစ်ဘေးရှောင် ဒေသခံပြည်သူ
တွေကို စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုမြို့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နေ့လည်ပိုင်းမှာ
မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် မှာရှိတဲ့ ဂျန်မိုင်ကောင် စစ်ဘေးရှောင်စခန်းက ပြည်သူတွေကို သွားရောက်တွေ့ဆုံပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့အပြင် မြို့တော်ခန်းမမှာလည်း လူထုနဲ့ တွေ့ဆုံလှူဒါန်းခဲ့ပါတယ်။

RFA Burmeseပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ခေါင်းဆောင်တဲ့ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ဝန် ကြီးနဲ့ ဒုတိယဝန်ကြီးတွေဟာ ကချင်ပြည်နယ်ကို ဒီကနေ့ ရောက်ရှိ
လာပြီး ပူတာအိုခရိုင်နဲ့ မြစ်ကြီးနားခရိုင်အတွင်းက ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်လေ့လာ
တွေ့ဆုံခဲ့ပါတယ်။နေ့လည်ပိုင်းမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ဟာ မြစ်ကြီး နား မြို့တော်ခန်းမ မှာ ဒေသခံပြည် သူတွေ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းတွေ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ့် အလားအလာကောင်းတွေရှိနေပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ဒေသခံလူထုနဲ့တွေဆုံချိန်မှာ ပြောပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ လိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ လွှတ်တော် ကိုယ်စား လှယ်တွေကလည်း စစ်ဘေးရှောင် ဒေသခံပြည်သူတွေကို စုပေါင်းလှူဒါန်းခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအို မြို့က ဒေသ ခံတွေနဲ့ တွေ့ ဆုံခဲ့ ပြီး၊ နေ့လည်ပိုင်းမှာမြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် မှာရှိတဲ့ ဂျန်မိုင်ကောင် စစ်ဘေးရှောင် စခန်း က ပြည်သူတွေကို သွားရောက်တွေ့ဆုံပြီး ကယ်ဆယ်ရေးပစ္စည်းတွေ လှူဒါန်းခဲ့တဲ့အပြင် မြို့တော်ခန်းမ မှာလည်း လူထုနဲ့ တွေ့ဆုံလှူဒါန်းခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment