Thursday, January 24, 2013

ဦးဘဂျမ်းရဲ့အသက် ၁၁၁ မွေးနေ့ စာပေနဲ့ ကာတွန်းပွဲ ကျင်းပမယ်

Photo: ဦးဘဂျမ်းရဲ့အသက် ၁၁၁ မွေးနေ့ စာပေနဲ့ ကာတွန်းပွဲ ကျင်းပမယ်
Wednesday, January 23, 2013

ကာတွန်းဆရာကြီး အလင်္ကာကျော်စွာ ဦးဘဂျမ်းရဲ့ အသက် ၁၁၁ နှစ်ပြည့် အထိမ်းအမှတ် စာပေနဲ့ ကာတွန်း ပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၃ ရက် ၂ ရက် ကျင်းပမယ်လို့ သိရပါတယ်။ 

ဦးဘဂျမ်းရဲ့ ဇာတိ ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ ကျင်းပမယ့် ဒီပွဲတော်မှာ စာပေဟောပြောပွဲတွေနဲ့ အတူ ဦးဘဂျမ်း ရဲ့ ကာတွန်းလက်ရာ ၁၁၁ ခုကို ဗီနိုင်းနဲ့ ထုတ်ပြီး ခင်းကျင်း ပြသသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အနှံ့က ကာတွန်းဆရာတွေရဲ့ လက်ရာတွေကို
လည်း ပြသမှာပါ။ ဒီ့အတွက်   မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ ကာတွန်း 
ဆရာတွေအားလုံး ဒီပွဲမှာ ပူးပေါင်း ပါဝင်စေချင်တယ်၊ ဖိတ်ခေါ်ပါတယ် လို့ ပွဲစီစဉ်သူ ညောင်တုန်းသားတဦးက ပြောပါတယ်။

 ဦးဘဂျမ်း ၁၁၁ နှစ်ပြည့် မွေးနေ့ပွဲမှာ လက်ရာတွေနဲ့ ပါဝင်လိုတဲ့ ကာတွန်းဆရာတွေ အနေနဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မတိုင်မီ ပွဲစီစဉ်သူတွေကို သူတို့လက်ရာ အများဆုံး ကာတွန်း ၂ ချပ် ပေးပို့ရမယ်လို့ သိရ ပါတယ်။ ဆက်သွယ်ရန်ကတော့ ကိုလူဇော်၊ ဖုန်း - ၀၉ - ၄၂၂ - ၅၃၆ - ၀၉၇ ဖြစ်ပါတယ်။ 

ဧရာဝတီကာတွန်းဆရာကြီး အလင်္ကာကျော်စွာ ဦးဘဂျမ်းရဲ့ အသက် ၁၁၁ နှစ်ပြည့် အထိမ်းအမှတ် စာပေနဲ့ ကာတွန်း ပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက်နဲ့ ၂၃ ရက် ၂ ရက် ကျင်းပမယ်လို့ သိရပါတယ်။
ဦးဘဂျမ်းရဲ့ ဇာတိ ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ ကျင်းပမယ့် ဒီပွဲတော်မှာ စာပေဟောပြောပွဲတွေနဲ့ အတူ ဦးဘဂျမ်း ရဲ့ ကာတွန်း လက်ရာ ၁၁၁ ခုကို ဗီနိုင်းနဲ့ ထုတ်ပြီး ခင်းကျင်း ပြသ သွားမှာ ဖြစ် ပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံအနှံ့ကကာတွန်းဆရာတွေရဲ့လက်ရာတွေကိုလည်း ပြသမှာပါ။ ဒီ့ အတွက် မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ ကာတွန်း ဆရာတွေအားလုံး ဒီပွဲမှာ ပူးပေါင်း ပါဝင်စေချင်တယ်၊ ဖိတ်ခေါ်ပါတယ် လို့ ပွဲစီစဉ်သူ ညောင်တုန်းသားတဦးက ပြောပါတယ်။

ဦးဘဂျမ်း ၁၁၁ နှစ်ပြည့် မွေးနေ့ပွဲမှာ လက်ရာတွေနဲ့ ပါဝင်လိုတဲ့ ကာတွန်းဆရာတွေ အနေနဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မတိုင်မီ ပွဲစီစဉ်သူတွေကို သူတို့လက်ရာ အများဆုံး ကာတွန်း ၂ ချပ် ပေးပို့ရမယ်လို့ သိရ ပါတယ်။ ဆက်သွယ်ရန်ကတော့ ကိုလူဇော်၊ ဖုန်း - ၀၉ - ၄၂၂ - ၅၃၆ - ၀၉၇ ဖြစ်ပါတယ်။

No comments:

Post a Comment